~
ပြည်တော်မြင့် ရေးသားသည်)
ထိုင်း-မြန်မာနယ်စပ်မြ၀တီမြို့က အညတရပန်းချီဆရာတဦးဖြစ်တဲ့ Aဟိန်းကျော်ဟာ နယ်ခြားသောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး သူ့ရဲ့ပန်းချီကားတွေကို မဲဆောက်က BORDERLINE ပန်းချီခန်းမှာ သွားရောက် ပြသထားပါတယ်။
မြန်မာနဲ့ ထိုင်းနိုင်ငံကမြို့ကြီးပြကြီးတွေမှာ ပန်းချီပြပွဲလုပ်ဖို့ နေနေသာသာ မြန်မာနိုင်ငံကနယ်စပ်မြို့မှာတောင် အခြေအနေမပေးလို့၊ အခြေအနေပေးတဲ့ တဘက်နယ်စပ် မဲဆောက်မြို့ကို ကျန်းမာရေးမကောင်း ချူချာနေတဲ့ ကြားကနေ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ လာခဲ့တာပါ လို့ ပြောပါတယ်။
သူပြောတာက”ပန်းချီအလုပ်နဲ့အသက်မွေးဘို့ ကျနော်တို့လိုလူတွေအတွက်မလွယ်ပါဘူး။ ကျနော်တို့ထက်စာရင် ဒီဘက်မှာက ပန်းချီနဲ့ပတ်သက်ပြီး အခွင့်အလမ်းနဲ့ အားပေးမှုတွေ ပိုများပါတယ်။ ကျနော်တို့ အနေအထားမျိုးနဲ့က ဟိုမှာ ပန်းချီပြပွဲလုပ်နိုင်ဖို့ ဆိုတာကတော့ အတော့ကိုမလွယ်တဲ့ကိစ္စပါ” လို့ ဧရာဝတီသတင်းဌာနကို ပြောပါတယ်။
ပြပွဲနေရာဖြစ်တဲ့ ဘော်ဒါလိုင်း ပန်းချီပြခန်းကတော့ မဲဆောက်မြို့လယ်က ကြက်လျှာစွန်း မော်တော်ပီကယ်ရုံး အနီးမှာ ရှိပြီး ပန်းချီပြပွဲကိုတော့ မနေ့ကနေစပြီး ရက်သတ္တ ၂ ပတ်တိတိ ပြသမှာဖြစ်ပါတယ်။
( ဘော်ဒါလိုင်း ပန်းချီပြခန်း တည်နေရာ ပါဝင်တဲ့ မဲဆောက်မြို့လယ် မြေပုံကို အောက်ဆုံးမှာ ဖော်ပြထားပါတယ်)
ရန်ကုန်ပန်းချီကျောင်းဆင်းတဦးဖြစ်တဲ့ စောခူဆဲပြောတာက ”ထမင်းစားပြီးပန်းချီရေးလို့ရပေမဲ့ ပန်းချီဆွဲပြီး ထမင်းစားဖို့ကျတော့ အခက်အခဲတွေ ရှိတယ်။ ဒါကြောင့်ပန်းချီနဲ့တွဲပြီး အခြား အသက်မွေးဝမ်းကြောင်းတဲ့ သမ္မာအာဇီဝအလုပ်တွေကို လုပ်နေရတာဖြစ်တယ်" လို့ ဆိုပါတယ်။

၂ - မြ၀တီမဲဆောက် ကားဂိတ်
၃ - ရဲစခန်း (ဒေသအခေါ် ပုလိပ်ရုံး)
(မြေပုံပေါ်က ပုလိပ်ရုံး ကြယ်ပွင့် အမှတ်အသားပေါ်မှာ လမ်းတခု ရှိနေတယ်။ ပုလိပ်ရုံးထဲကလမ်း ဖြစ်ပါတယ်။)
0 comments :
Post a Comment