မြို့လှရောက် အရှင်ဝီရသူ

Wednesday, May 9, 2012



ဦးဝီရသူ(မစိုးရိမ်) မြို့လှမြို့၊ ဆွမ်းစားကျောင်းဆောင်ရေစက်ချ၊ ရဟန်းခံ၊ ရှင်ပြု နားသအလှူတော် မင်္ဂလာ ဓမ္မသဘင်၌ တရားဟောကြား

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသအရှင်ဝီရသူ(မစိုးရိမ်)သည် 6.5.2012-ရက်နေ့တွင် ပဲခူးတိုင်း မြို့လှမြို့၌ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားခဲ့သည်။

အဓိကရုဏ်းမီးများ ငြိမ်းရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ဝီရသူသဘောထား ၁/၇၄-ကို အကျယ်တဝင့် ရှင်းလင်းဟောကြားခဲ့ပြီး တကယ်ငြိမ်းချမ်းချင်သည် ဆိုလျှင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံညီညွတ်ဖို့ လိုကြောင်း၊
ထိုသို့ နိုင်ငံသူ နိုင်ငံသားအားလုံးတွဲလက်မဖြုတ် နောက်မဆုတ်တမ်းညီညွတ်စွာကြိုးပမ်းနိုင်မှ ထာဝရ ငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်း၊
မညီညွတ်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသော ငုံးငှက်များအကြောင်း ပါဝင်သည့် သမ္မောဒမာနဇာတ်၊ အထင်လွဲမှားမှုကြောင့် အတိဒုက္ခရောက်ရရှာသော ကြို့ပင်နှင့် ဝက်ဝံအကြောင်းပါဝင်သည့် ဖန္ဒနဇာတ်နှင့် သံဝရဇာတ်၊ မဟာဂေါဝိန္ဒသုတ်တို့ကိုအခြေခံ၍ ဟောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မြို့လှမြို့၌ အရှင်ဝီရသူတရားဟောခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး 26.2.2012-ရက်နေ့တွင် ပထမအကြိမ် ဟောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ဟောတရားဖြစ်သော “ဂလိုဘယ်လ် မျက်လုံး”တရားတော်သည် စာကြည့်တိုက် ထွန်းကားရေး- စာကြည့်တိုက် သာသနာပြု တရားတော်ဖြစ်ကြောင်း၊ ထိုတရားကြောင့် စာကြည့်တိုက်အသင်းဝင်သူများ၊ စာအုပ်ငှားသူများ၊ စာအုပ်လှူသူ ပိုများလာကြောင်း နှစ်ပေါင်း သုံးဆယ်နီးပါး ခါးဆက်ပြတ်ခဲ့ရသော အထူးတရားပွဲကြီးများကိုလည်း ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြို့လှပြည်သူများက ပြောကြား၍ သိရှိခဲ့ရပါသည်။

အဆိုပါတရားပွဲသို့ မြို့လှ NLD-ပါတီဝင်များ၊ သကြားစက်ရုံ အရာရှိများ၊ ဝန်ထမ်းများနှင့် အများပြည်သူ တရားနာ ပရိသတ်များ စည်ကား သိုက်မြိုက်စွာ နာယူကြကြောင်း သိရှိရပါသည်။

ခိုက်ရန်ပျိုးခဲ့၊ ရန်ငြှိုးဖွဲ့၊ ကျိုးမဲ့ပျက်စီးမည်။
ကြို့ပင်လည်းတုံး၊ ဝံလည်းဆုံး၊ အရှုံးတွေကိုယ်စီ။
သံဝရထုံး၊ ကိုယ်စီသုံး၊ အပြုံးဝေကြမည်။
မေတ္တာဝေမျှ၊ ညီညွတ်မှ၊ မုချငြိမ်းချမ်းမည်။







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved