လွှတ်တော်တော်နိုင်ငံရေးကို ဗိုလ်ချုပ်မှူးကြီး ကျေနပ်

Tuesday, May 8, 2012

(သရုပ်ဖော် - ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လို့ အရမ်းပျော်နေတဲ့သူတဦးကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဖြစ်တယ်လို့ နေပြည်တော်သတင်းရပ်ကွက်တခုက ဆိုလာပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ဗိုလ်သန်းရွှေက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကို ခေါ်တွေ့ပြီး "မင်းတို့ ကောင်မလေးကို လွှတ်တော်ထဲရောက်အောင် လုပ်ကြပါကွာ" လို့ မှာကြားတယ် တဲ့။

သူရဦးရွှေမန်း ဘယ်လို အစီအရင်တွေ လုပ်လိုက်တယ် မသိပါဘူး၊ အဲဒီလို ဗိုလ်ချုပ်မှူးကြီး ညွှန်ကြားပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD တပ်မှူးကြီးတွေ လွှတ်တော်ထဲ ရောက်ချိန်မှာပဲ လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးတွေ နေရာကို ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်များနဲ့ အစားထိုးလိုက်ပါတယ်။

ဒီလို ရာထူးကြီး စစ်အရာရှိများကို လွှတ်တော်ထဲ ပို့လိုက်ခြင်းကတော့ ဗိုလ်ချုပ်မှူးကြီး ရွှေ့တဲ့ကျားကွက် ဟုတ်မဟုတ် ပြောဆိုသံ မကြားရသေးပါဘူး။

ဗိုလ်ချုပ်မှူးကြီးကတော့ သမ္မတအုပ်ချုပ်တဲ့နိုင်ငံ၊ လွှတ်တော်၊ အခြေခံဥပဒေ စတဲ့ စတဲ့ နှစ်ပေါင်းအတန်ကြာ အချိန်ယူပြီး သူဆင်ထားတဲ့ အကွက်တွေက ဟာကွက်မရှိဘူး ဆိုပြီး စိတ်အေးလက်အေး စာဖတ်နေဟန် ရှိပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved