ဆန်းဒေးကမ်ပိန်း

Tuesday, May 1, 2012

နိုင်ငံရေးအကျဉ်းသားဟောင်းများ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လုပ်ဆောင်နေကျဖြစ်သော အကျဉ်းထောင်တွင်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများအား လိုက်လံ အားပေးစကားပြောကြားခြင်းကို ၂၉.၄.၂၀၁၂ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ကြပါသည်။



ပထမဦးစွာ နို့ရေလမ်း၊ အမှတ် (၁၄) ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ရှိ စောစိုးလင်း (ခ) စောဖိုးချို၏နေအိမ်သို့ရောက်ရှိခဲ့ကြပြီး စောဖိုးချို၏ ဇနီးနှင့် သမီးငယ်နှစ်ဦးတို့အား နှစ်သိမ့်အားပေးစကားများပြောကြားခဲ့ကြပြီး စောဖိုးချိုအတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

စောစိုးမင်းထွန်း (ခ) စောဖိုးချို မိသားစုနှင့် ကိုစောဖိုးချို

စောစိုးမင်းထွန်း (ခ) စောဖိုးချိုသည် ၁၇/၁၊၁၃/၁ ပုဒ်မတို့ဖြင့် သရက်ထောင်တွင်အကျဉ်းချခံနေရဆဲဖြစ်ပါသည်။

ယင်းနောက်နိုင်ငံရေးအကျဉ်း သားဟောင်းများသည် အမှတ် ၃၇/၆ ၁၀ လမ်း၊ ၃ ရပ်ကွက် လှိုင်မြို့နယ်ရှိ ကိုအောင်အောင်ဦး၏နေအိမ်သို့ရောက်ရှိခဲ့ကြပြီး ကိုအောင်အောင်ဦးရဲ့မိခင် ဒေါ်မြမြစန်းအား နှစ်သိမ့် အားပေးစကားများပြောကြားခဲ့ကြပြီး ကိုအောင်အာင်ဦးအတွက် လက်ဆောင်များပေးအပ်ခဲ့ပါသည်။

ကို အောင်အောင်ဦးသည် ၅/ည၊ ၁၇/၂၀ ပုဒ်မများဖြင့် ကသာထောင်တွင် အကျဉ်းချခံနေရဆဲဖြစ်ပါသည်။


ကိုအောင်အောင်ဦး၏မိခင်နှင့် ကိုအောင်အောင်ဦး

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ကိုအောင်အောင်ဦး၏မိခင်အား “နိုင်ငံတော်သမ္မတကြီးအား ဘာများပြောချင်ပါ သလဲလို့” မေးမြန်းရာ ကိုအောင်အောင်ဦးရဲ့မိခင် ဒေါ်မြမြစန်းက “သားသမီိးချင်းကိုယ်ခြင်းစာသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာ သော အားဖြင့်လည်းကောင်း၊ နိုင်ငံတ်ာသမ္မတကြီးမှ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွတ်ပေးစေချင်ကြောင်း” ပြောကြား ခဲ့ပါသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်အား ဘာများ အမှာစကားပါးချင်ပါသလဲလို့မေးမြန်းရာ “အန်တီစုကတော့ သူ့သားသမီးတွေ အားလုံး အပြင်ကို ရအောင်ပြန်ထုတ်မှာပဲလို့” ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းဟောင်းများသည် ယင်းကဲ့သို့ အကျဉ်းကျ နိုင်ငံရေးအကျဉ်းသားမိသားစုများအား လိုက်လံတွေ့ဆုံနေခြင်းကို အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားအားလုံး တစ်ဦးတစ်ယောက်မကျန် ပြန်လည်လွတ်မြောက်လာတဲ့အထိ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ကိုထွန်းကြည်က ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားစုစုပေါင်း (၃၄၄) ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ပြုစုထားသော စာရင်းများအရ သိရှိရပါသည်။

ညွှန်း - http://moemaka.com/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved