အားအားယားယား ဖယောင်းတိုင်ထွန်းကြသလား ?

Sunday, May 27, 2012




ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ ဆောင်းပါးတိုလေး တပုဒ်ကို ဖတ်လိုက်ရတော့ ကျနော်တော်တော်
အတွေးပွားသွားတယ် ။ အဲ့ဒီမိတ်ဆွေကလည်း ကျနော်နဲ့ တော်တော်ခင်တဲ့မိတ်ဆွေ ၊ ပြောရရင် သောက်
ဖော်သောက်ဖက် ၊ ကဗျာ ရွတ်ဖော် ရွတ်ဖက်ပေါ့ ။ ထားတော့ ။

သူ့ဆောင်းပါးမှာ ဘယ်လိုရေးထားလဲဆိုတော့ . . . ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ဖော်တာ မလုပ်သင့်တဲ့ကိစ္စပါတဲ့ ၊ မလိုအပ်သေးပါဘူးတဲ့ ။

ကျနော်တို့မှာ လျှပ်စစ်မီးသုံးစရာလည်း သိပ်မရှိပါဘူးတဲ့ ၊ ထမင်းချက်တာ တီဗွီကြည့်တာလောက်ပဲ လုပ်
တဲ့လူတွေက ဆန္ဒပြတယ်ပေါ့လေ ။ တကယ့် လျှပ်စစ်ကိုသုံးနေတဲ့ စက်ရုံပိုင်ရှင်တွေ က ဆန္ဒထွက်ပြရ
မှာတဲ့ ၊ ကျနော်တို့က အပ်နဲ့ထွင်းရမဲ့နေရာကို ပုဆိန်နဲ့ပေါက်နေတာတဲ့ ၊။ အကျဉ်းချုပ်လိုက်ရင်တော့
ဒီ အဓိပ္ပါယ်နဲ့ ရေးထားတယ် ။

ကျနော် ပြန်စဉ်းစားကြည့်တယ် ။ ကျနော်တို့များမလိုအပ်ပဲ နဲ့ လမ်းပေါ်ထွက်ပြီးအချိန်ကုန်ခံ ၊ အဖမ်းခံရမှာ
မကြောက် ဘာမကြောက် နဲ့ ဟေးလားဟားလား လုပ်နေကြသလား ? ။
ကျနော်တို့ မြန်မာလူမျိုးတွေ ဘ၀က အစိုးရတရပ်ရဲ့ ( ဘယ်အစိုးရ တက်လာတက်လာ ) ထားရာနေ စေရာသွား ၊ သူတို့လုပ်သမျှ ငြိမ်ခံ ၊ သူတို့ကိုကြောက်ရွံ့ပြီး ဒီအတိုင်းဆက်နေသွားရတော့မှာလား မဟုတ်သေးဘူးနော် ၊ အဲ့ဒါမဟုတ်သေးဘူး ။

လူတစ်ယောက်မှာ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆိုတာ ရှိရတယ် ၊ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆိုတာ
ရှိရတယ် ။

ဒီမြေ ဒီရေ ဒီနိုင်ငံဟာ အဲ့ဒီအစိုးရတရပ်ရဲ့ ဘိုးဘွားပိုင်အမွေ မဟုတ်ဘူး ။ အဲ့ဒီပါတီရဲ့ အပိုင်ပစ္စည်း
လည်းမဟုတ်ဘူး ။ နိုင်ငံသားတိုင်းပိုင်တဲ့ နိုင်ငံ ၊ လူတစ်ယောက်ရဲ့ ရပ်တည်မူ့ကွဲပြားသွားလို့သာ နိုင်ငံဖြစ်ရပ်
တွေ နဲ့ မနီးစပ်တာပဲ ရှိမယ် ၊ နိုင်ငံသားတိုင်းဟာ နိုင်ငံအရေးကိစ္စတွေမှာ လိုအပ်လာရင် ပါဝင်ရမယ် ။ ကျနော် အဲ့ဒါကို နိုင်ငံရေးလို့ အဓိပ္ပါယ်ဖွင့်တယ် ။

ဟေးလား ဟားလား ၊ အီးယောင်ဝါးလုပ်ချင်မှတော့ ဖယောင်းတိုင်ကိုင်ပြီး ဘယ်အချိန်ရဲလာဖမ်းမှာကိုကြောက်
ရွံ့နေတာမလုပ်တော့ဘူး ။ ဘီယာသောက်ပြီး ကေတီဗွီပဲ သွားလိုက်တော့မယ် ။ ပိုက်ဆံမရှိရင် လဖက်ရေ
သောက်ပြီး မိတ်ဆွေတွေနဲ့ လေဖေါနေလိုက်မယ် ။

ဒီ ဖယောင်းတိုင်ထွန်းတယ်ဆိုတာ ရင်ဘတ်ထဲကလာတဲ့
စိတ်တစ်ခုနဲ့ထွန်းနေတာ ။ ကိုယ့်ရပိုင်ခွင့် ၊ ကိုယ့်မိသားစုရဲ့ ရပိုင်ခွင့်အတွက် ငြိမ်းချမ်းစွာတောင်းဆိုနေတာ ။
ကျနော်တို့အိမ်မှာ ရေစက်မရှိဘူး ၊ ရေ၀ယ်ရတယ် ၊ ကိုယ့်လိုရေ၀ယ်တဲ့အိမ်တွေများတော့ စောင့်ယူရတယ် ။

မီးပျက်သွားရင် ဘယ်လောက်စောင့်စောင့်မရတော့ဘူး ။ မီးလာတဲ့အချိန်က ည၁၂ နာရီ ၊ ၁ နာရီဆို ရင်လည်း
ရေစက်ပိုင်ရှင်တွေက ရေထမပေးဘူး ။ အဲ့လို နှစ်ရက်လောက် ကြုံသွားရင် ဒုက္ခကို လှလှရောက်ရောပဲ ။ မျက်
နှာသစ်စရာရေတောင် ဘေးအိမ်က ရေဗုံးလေးနဲ့ သွားတောင်းရတယ် ။

သူတို့ကလည်း ကိုယ်လိုဒုက္ခသည်ဆိုတော့ ယူရတာ အားနာစရာကောင်းတယ် ။ ဒီတော့ ရှင်းရှင်းပဲ
ပြောမယ် ။ ပိုက်ဆံရှိပြီးရေ၀ယ်မရလို့ ၊ အိမ်သာတက်စရာရေမရှိအောင် ဒုက္ခများလွန်းလို့ ၊ ကျနော် ဖယောင်းတိုင် ထွန်းရပါတယ် ။

အရင် က စစ်အစိုးရအုပ်ချုပ်တုန်း က လူတွေဆန္ဒမပြရဲကြဘူး ၊ ရိုက်နှက်ခံရမှာကြောက်ကြတယ် ၊ အဖမ်းခံရမှာ
ကြောက်ကြတယ် ။ အခုတော့ အရင်ကထက် နည်းနည်းလေး တိုးတက်လာတယ် ။

ဒါကိုအခွင့်အရေးယူပြီး ဆန္ဒပဲ စွတ်ပြနေတာမဟုတ်ဘူး ။ အခု အစိုးရက ဒီမိုကရေစီအစိုးရ နာမည်ခံထားတယ် .နာမည်နဲ့လိုက်အောင် ဒီမိုအစိုးရဆန်ရမယ်ဒီတော့ ပြည်သူကလည်း ဒီမိုကရေစီနည်းလမ်းအရ ငြိမ်းချမ်းစွာဆန္ဒပြတယ် ။

ဘယ်သူမှ လမ်ကဓါတ်မီးတိုင်ခဲနဲ့ထုပြီးမီးပေးပါလို့ဆန္ဒပြတာမဟုတ်ဘူး။

အေးအေးဆေးဆေးပဲဖယောင်းတိုင်ထွန်းနေတာ.လုပ်ပေးနိုင်တာမလုပ်ပေးနိုင်တာသည်အစိုးရကိစ္စ၊
တောင်းဆိုတာက ပြည်သူ့ကိစ္စ ။

နောက်ဆုံး ၀န်ကြီးကို နုတ်ထွက်ဖို့တောင်းဆိုရင်တောင် တောင်းဆိုတာက ပြည်သူ့ကိစ္စ ၊ နုတ်ထွက်ပေး တာမပေးတာက ၀န်ကြီးနဲ့ အစိုးရ အဖွဲ့ ကိစ္စ ။

အရင်တုန်းက စစ်အစိုးရဆိုတော့ ဒီလိုမျိုးတောင်းဆိုလို့မရဘူး ၊ အခုဒီမိုအစိုး
ရ လို့ အစိုးရ အဖွဲ့ ကိုယ်နိုက် က ၀န်ခံထားတော့ ကျနော်တို့ ပြည်သူတွေကလည်း ဒီမိုနည်းလမ်းနဲ့ ဆန္ဒထုတ်ဖော်တယ် ။

ဒါတောင် ပြည်နဲ့ စစ်ကိုင်းမှာ အဖမ်းခံရတယ် ။ ရန်ကုန် နဲ့ မန်းလေးမှာတော့ ရုပ်ပျက်မှာစိုးလို့မ
လုပ်တာထင်တယ် ။

ကေအိုင်အေ က တာဝါကို မိုင်းခွဲလို့ မီးပျက်ရတယ်ဆိုတာ အားလုံးမှန်တယ်မထင်ဘူး ၊ ကေအိုင်အေ မိုင်းမခွဲ
ခင်ကတည်းက မီးက မမှန်တာ ။

အစိုးရတစ်ရပ်အနေနဲ့ ဒီအချိန်မှာ ရေအားလျှပ်စစ်နည်းတယ် ၊ ပြည်သူတွေရဲ့လိုအပ်ချက်မြင့်မယ် ဆိုတာ ကြိုတွေးထားသင့်တယ် ။

ဒီလိုမှ မလုပ်ပေးနိုင်ရင် ၊ ဒီလို အခြေခံလိုအပ်ချက်လေးတွေကိုတောင် မလုပ်ပေးနိုင်ရင် ဘာကြောင့်တိုင်းပြည်ကိုအုပ်ချုပ်နေသေးလဲ ၊ ခရိုနီတွေကိုပဲ မကြည့်ပါနဲ့
သာမန် ပြည်သူတွေကိုလည်း တခါတလေ ငဲ့သင့်တယ် ။

အစိုးရ အကြံပေးဦးကိုကိုလှိုင်ရဲ့ မီးမလာရင် ဖယောင်တိုင်ထွန်းဆိုတဲ့စကား နဲ့ ဘုရင်မတစ်ယောက်ရဲ့ ပေါင်
မုန့်မရှိရင် ကိတ်မုန့်စားဆိုတဲ့ စကားက အတူတူပဲ ။

တကယ်မဆင်းရဲ မကျပ်တည်း ဒုက္ခမကြုံဖူးတဲ့လူက အဲ့ ဒီဒုက္ခကို တွေးကြည့်လို့ပဲ ရတာ ၊ တကယ်လက်တွေ့အရသာကိုမသိဘူး ။

အခု အစိုးရက နှစ်ပါတ်အတွင်း မီး၂၄ နာရီရအောင်လုပ်ပေးမယ်လို့ ကတိပေးထားတယ် ။ ပြောတာပဲ ၊ တကယ်လာမှ ကျနော်တို့ ဖယောင်းတိုင်ထွန်းတာကို ရပ်နိုင်မယ် ၊ လုပ်ပေးမယ် လုပ်ပေးမယ်နဲ့ ခံရပေါင်းလည်းများလှပြီ ။

၈၈ ကတည်းက ပေးလိုက်တဲ့ ဒီမိုကရေစီ ၊ အခုတောင့်ရတာမသေချာသေးဘူး ။ တကယ် ၂၄ နာရီမီးပေးရင် ဘယ်သူမှ အပင်ပန်းခံ လမ်းပေါ်ထွက်ပြီး ဖယောင်းတိုင်ထွန်းမနေဘူး ။ အခုမီးပေးမယ်ဆိုတဲ့ ကတိတောင် လမ်းပေါ်ထွက် ဖယောင်တိုင်ထွန်းလို့ရတာ ။

အရင်လို ငြိမ်နေရင် ဘာမှ မရပဲ အမှောင်ထဲမှာ ငုတ်တုတ်ဖြစ်နေလိမ့်မယ် ။ ဒီတော့ နောက်
နှစ်ပါတ်ကြာလို့ မီး ၂၄ နာရီပေးရင် ကျနော့်မိတ်ဆွေ . . . တနိုင်ငံလုံးက အားအားယားယား ဖယောင်းတိုင်
ထွန်းသူတွေကို ကျေးဇူးတင်လိုက်ပါ . . . ။

မာဃလုလင်

26.5.2012


6 comments :

  1. ကိုပေါက်စ said... :

    အဲလို လူတွေကျွန်တော်တို့နိုင်ငံမှာမှာ အများကြီးပါ။ နိုင်ငံရေးလုပ်လို့ ထောင်တွေကျ၊
    ဘ၀တွေပျက်ခဲ့ရတဲ့လူတွေ ကရော “အားအားယားယား” ပျော်လို့ထောင်ကျခံ၊ဘ၀ပျက်ခံခဲ့ကြတာလား လို့သူ့ကိုပြန်မေးလိုက်ပါ။

  1. nike said... :

    ကောင်းလိုက်တဲ့ စာသား၊ ကျေးဇူးတင်ပါသည်။

  1. Anonymous said... :

    absolutely right, great man.

  1. Anonymous said... :

    မာဃလုင်...ကျေူးဇူးပါ။ အခုအချိန်မှာ မီးမရရအောင်ပေးပြီးကျေးဇူးဆပ် ချွေးသိပ်စကားပြောရမဲ့အစား၊ ဖယောင်းတိုင်ထွန်းပြီး အခန်းတခါးပိတ်နေလိုက်ကြပါလို့ပြေတာက ၊စစ်တပ်ကျငိ့သူံ့းနေကြ ပြည်သူကို အထငိသေး ၊တပ်ထိပ်ပိုင်းကလူကြီးတွေက ဇိမ်အမျိုးမျိုးခံတဲ့(မယားငယ်ခြင်ထောင်ထဲဝင်ရင် ကာရာအိုကေခန်းအနှိပ်ခန်းထဲရင်အမှောင်ချ)သောက်ကျင်ဆိုးကို ဘွင်းဘွင်းကြီး ဖော်ပြနေတာပါပဲ ၊။

  1. အရင်လို ငြိမ်နေရင် ဘာမှ မရပဲ အမှောင်ထဲမှာ ငုတ်တုတ်ဖြစ်နေလိမ့်မယ် ။ ဒီတော့ နောက်
    နှစ်ပါတ်ကြာလို့ မီး ၂၄ နာရီပေးရင် ကျနော့်မိတ်ဆွေ . . . တနိုင်ငံလုံးက အားအားယားယား ဖယောင်းတိုင်
    ထွန်းသူတွေကို ကျေးဇူးတင်လိုက်ပါ . . . ။

  1. Myo said... :

    ပြည်သူတွေကအပျော်လုပ်နေကြတာမဟုတ်ပါဘူး။ မြန်မာပြည်သူတွေမှာတစ်နေ့လုပ်မှတစ်နေ့စားရတဲ့လူများပါတယ်။ပြည်သူတွေက အစိုးရအသစ်ကိုယုံကြည်ပြီး ရသင့်ရထိုက်တဲ့အခွင့်အရေးကိုငြိမ်းချမ်းစွာတောင်းဆိုနေတာပါ။ ကျွန်တော့်အထင်ပြည်သူတွေအတွက်လဲ ငြိမ်းချမ်းစွာတောင်းဆိုတတ်တဲ့အကျင့်ဖြစ်သွားသလို အစိုးရ၀န်ထမ်းတွေအတွက်လဲ အပြောင်းအလဲမှာပါဖို့တွန်းအားတစ်ခုလို့ထင်ပါတယ်။ ဒါမှလဲ လက်ရှိအစိုးရရဲ့ အပြောင်းအလဲဖြစ်စဉ်မှာ အားလုံးပါဝင်လာမှာပါ။ အခုဖြစ်နေတာက အပေါ်ကပြောင်းတယ်၊ အလယ်နဲ့အောက်ကမပြောင်းဘူး။ အခုပြည်သူတွေကငြိမ်းချမ်းစွာတောင်းဆိုတတ်ပြီ။ အစိုးရ၀န်ထမ်းတွေက ဒီတောင်းဆိုမှုများရဲ့ ဖိအားကြောင့်ငါတို့အလုပ်လုပ်မှဖြစ်မယ်ဆိုတာသိလာလိမ့်မယ်။ အစိုးရသစ်အတွက်ရော ပြည်သူအတွက်ရော တိုင်းပြည်အတွက်ပါ ကောင်းတယ်လို့ယူဆပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved