မြန်မာအလုပ်သမားများအရေး ထိုင်း ဒုဝန်ကြီးချုပ်နှင့် ဒေါ်စု ဆွေးနွေး

Thursday, May 31, 2012

ဒ်ါအောင်ဆန်းစုကြည်နှင့် ထိုင်း ဒုတိယ ၀န်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးနေစဉ် - ဓာတ်ပုံ -Natty Tangmeesan


ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့နေ့ခင်းပိုင်းက ထိုင်း ဒုတိယ ၀န်ကြီးချုပ် Dr. Chalerm Yubamrung နှင့် တွေ့ဆုံကြရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနှင့် ဒုက္ခ သည်များအကြောင်း ဆွေးနွေးပြောဆိုကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ထိုင်းစာသင်ကျောင်းများတွင် တက် ရောက်ပညာသင်ခွင့်ရရေး အတွက် ထိုင်းအစိုးရဘက်က ကူညီပေးရန် တိုက်တွန်းပြောကြားခဲ့တယ် လို့ လည်း သိရပါတယ်။

ဒု ၀န်ကြီးချုပ် Chalerm ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် သူ့အနေနဲ့ အကောင်းဆုံး အကူအညီ ပေးသွားမှာဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးစကားပြောခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။

ဒီအပြင်သူက မြန်မာနိုင်ငံသား ၂ သန်းနီးပါး ထိုင်းနိုင်ငံတွင် ရှိရာ ၈ သိန်းလောက်သာ အထောက်အထား ထုတ်ပေးထား နိုင်သေးကြောင်း၊ ထိုင်း အစိုးရအနေနဲ့ အထောက်အထားရှိတဲ့ အလုပ်သမားများအတွက် တနေ့ လုပ်အားခ ဘတ် ငွေ ၃၀၀ ရရှိရေးနဲ့ ကျန်းမာရေး ရန်ပုံငွေအတွက် ဘတ် ၃၀ စနစ်ကို အတည်ပြု လုပ်ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည်က အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် ဘယ်လိုအခြေအနေ ရှိလဲ လို့ မေးမြန်း ရာတွင် ဒု ၀န်ကြီးချုပ် Chalerm က မြန်မာအစိုးရဘက်က အထောက်အထားမရှိတဲ့ မြန်မာ ၁.၂ သန်းကို အတည်ပြု ပေးဖို့လိုကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်တဲ့။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေအနေနဲ့ ရွှေ့ပြောင်း အလုပ်သမား နိုင်ငံကူး လက်မှတ် ကို အလုပ်ရှင်က ယူထားတဲ့ကိစ္စ၊ နောက် အလုပ်ခွင်အတွင်း ထိခိုက် ဒဏ်ရာ ရရင် အလုပ်သမားတွေက ဆရာဝန်ကို ပိုက်ဆံ ပေးစရာ မရှိတာကြောင့် အလုပ်ရှင်က တာဝန်ယူပေးဖို့ စတာတွေကို ပြဿနာတွေ အဖြစ်တွေ့နေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီ စောင့်ရှောက်ဖို့ကို Chalerm ကိုပြောခဲ့ပါတဲ့အကြောင်း ထိုင်းသတင်း မီဒီယာတွေကနေ ထုတ်လွှင့် သွားပါတယ်။




1 comments :

  1. Anonymous said... :

    ဘယ်စစ်ဗိုလ်တစ်ယောက်ကများ ဒီလိုလုပ်ပေးခဲ့လို့လည်း?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved