ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ၆ ရက် အစီအစဉ်

Wednesday, May 30, 2012



(ဓာတ်ပုံ - AP)

မေ ၂၉ အင်္ဂါ - ဘန်ကောက်လေဆိပ်ကို ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပါတယ်။ (အပေါ်ပုံ)

မေ ၃၀ ဗုဒ္ဓဟူး - ဒီမနက် မြန်မာပြည်အငယ်စား (little Burma) လို့ လူသိများတဲ့ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသကို သွားပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံ ခရီးရဲ့ ပထမဆုံး အစီအစဉ် ဖြစ်ပါတယ်။ ဒီနေရာဟာ မြန်မာပြည်သားတွေ ထောင်သောင်းချီ ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ နေရာ ဖြစ်ပါတယ်။

နေ့ခင်းပိုင်း ဘန်ကောက်မြို့ Shangri-La ဟိုတယ်ကို ပြန်ပါမယ်။ ဟိုတယ်မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ/World Economic Forum ကို တက်ရောက်မှာပါ။

မေ ၃၁ ကြာသပတေး - ညီလာခံကျင်းပရာ ဟိုတယ်မှာ ရှိပါမယ်။

ဇွန် ၁ သောကြာ - ညီလာခံအစီအစဉ်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ Klaus Schwab နဲ့ ပြောဆိုဆွေးနွေးမှု ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်က World Economic Forum ကို အစပြု စီစဉ်ခဲ့သူပါ။
Asian Women as the Way Forward ဆိုတဲ့ အစီအစဉ်မှာ ၀င်ရောက်ဆွေးနွေးပါမယ်။ (မနက် ၁၁ နာရီ )


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လာရောက်ခဲ့ဖူးတဲ့ ထိုင်းအတိုက်အခံခေါင်းဆောင် အဖိဆစ်ဝေ့ချာချီဝ နဲ့တွေ့ပါမယ်။ (အချိန် မသိရသေး)

ဇွန် ၂ စနေ - ကရင်ပြည်နယ် မြ၀တီမြို့နားမှာ တည်ရှိတဲ့ မယ်လ/ဘဲကလော် ဒုက္ခသည်စခန်းကို သွားမှာပါ။
မဲဆောက်မြို့ ဒေါက်တာစင်သီယာဆေးခန်းကိုလည်း အရောက်သွားဖို့ အစီအစဉ်ရှိပြီး နယ်စပ်က တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့လည်း တွေ့ပါမယ်။

ဇွန် ၃ တနင်္ဂနွေ - ရန်ကုန်ကို ပြန်ပါမယ်။

ညွှန်း - The Nation - http://www.nationmultimedia.com/business/Full-four-days-for-Aung-San-Suu-Kyi-30183050.html

2 comments :

  1. Anonymous said... :

    ဒါဆို.. New York Times က ရေးတဲ့သတင်းက ဘယ်လိုသဘောရလဲ.ထိုင်းဘက်က လုပ်ကြံဖန်တီးပြီးပြောတယ်လို့ထင်ပါသလားခင်ဗျာ

  1. Anonymous said... :

    Some western reporters and western media thought they are big. They expect whenever they ask, Daw Su has to answer. And if that not happens, their stories become negative sometimes. Dont take any notice of it. ( some silly burmese web page even translate this NY times article, really stupid......they are out of touch but they want to involve every single thing ) .They are anti-Daw Su. If she wears trousers they will say oh very un-patriotic and if she wears longyi then again they will say oh very out-dated .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved