စင်္ကာပူမှာ မြန်မာမိန်းကလေးအလောင်းတွေ့

Tuesday, May 22, 2012


မနေ့က မနက်ပိုင်းမှာ အသက် ၂၄ နှစ်အရွယ် မြန်မာ အိမ်ဖော်မလေး တယောက် စင်္ကာပူမှာ တိုက်ပေါ်က ပြုတ်ကျ သေဆုံးသွားပြန်ပါတယ်။

သူ့ရဲ့ ဒဏ်ရာတွေ ဗလပွနဲ့ ရုပ်အလောင်းကို စင်္ကာပူနိုင်ငံ Blk 421 Canberra Road က အထပ်မြင့် အဆောက်အအုံ တခုရဲ့ ခြေရင်းမှာ တွေ့လိုက်ရတာပါ တဲ့။

အလုပ်သမားတယောက်အဆိုအရ အဲဒီမိန်းကလေးက Sembawang က ၁၃ ထပ် က မီးဖိုချောင် တံခါးကနေ ထွက်ပြေးဖို့ ကြိုးစားရင်း အခုလို ပြုတ်ကျသေဆုံးတယ်လို့ သတင်း ထွက်နေပေမယ့် သေဆုံးရပုံ ဖြစ်ရပ်မှန်ကို အတည်မပြုနိုင်သေးပါဘူး တဲ့။ 
http://sg.news.yahoo.com မှာ ဒီသတင်း ဖော်ပြထားပါတယ်။

စင်္ကာပူရဲ ကတော့ စုံစမ်းမှု လုပ်နေတယ်လို့ ဆိုပါတယ်။ မကြာသေးမီကလည်း မြန်မာမိန်းကလေးတချို့ စင်္ကာပူမှာ တိုက်ပေါ်က ကျပြီး  သေဆုံးမှု ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။

5 comments :

  1. Anonymous said... :

    ထွက်ပြေးဖို့ကြိုးစားရင်း ပြုတ်ကျတာနေမှာပါ
    တချို့ကြတော့လည်း မခံနိုင်တော့လို့ကို သက်သက်ကိုခုန်ချပြီး အဆုံးစီရင်သွားကြတာ စင်ကာပူမှာ အင်ဒိုနီးရှားအိမ်ဖေါ်က မလေးအင်ဒို စကားတက်ကြတယ် ဖိလစ်ပိုင်အိမ်ဖေါ်တွေက အင်္ဂလိပ်လိုပြောတက်တော့ အိမ်ရှင်တွေက မတရားတာ မလုပ်ရဲဘူး အဖိအနှိပ့်အခံရဆုံး မတရားလုပ်တာ အခံရဆုံးက မြန်မာမိန်းခလေးတွေပဲ ဘာစကားမှ မပြောတက် ရှက်တက် အားနာတက်တော့ လုပ်သမျှခံပဲ နောက်ဆုံးမခံနိုင်တော့ အခုလိုထွက်ပေါက်ရှာကြတာပေါ့ မြန်မာမိန်ခလေးတွေ အိမ်ဖေါ်အလုပ်နဲ့ ဘယ်နိုင်ငံကိုမှ မသွားကြပါနဲ့ဗျာ ရတဲ့လစာနည်းနည်းလေးနဲ့ ကျွန်လိုခံပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခတွေကြုံကြပါလိမ့်မယ် လက်လှမ်းမှီသလောက် ပြောပေးကြပါ

  1. skb said... :

    သေစရာရှားလို့ပိုက်ဆံပေးပီးစင်ကာပူမှာသွားသေရတယ်လို့,,,,မြန်မာမိန်းကလေးတွေပြည်ပမှာအလုပ်လာမလုပ်ဖို့ဒီသီတင်းကိုများများရှယ်ပေးရမယ်

  1. သေစရာရှားတယ်လို.မဟုတ်ဘူးလေ ဘယ်သူကဘယ်မှာသေရမယ်ဆိုတာသိနိုင်လို.လား
    ပြီးတော့ မြန်မာမိန်းကလေးတွေ ပြည်ပမှာအလုပ်လုပ်တယ်ဆိုတာ ဘာလို.လဲ
    လူတိုင်းက ကိုယ့်တိုင်းပြည်မှာပဲကိုယ်နေချင်ကြတာပဲလေ
    အကြောင်းကြောင်းကြောင့် လိုအပ်လို. အလုပ်လုပ်ရတဲ့အခါ အဲလိုမပြောစေချင်ပါဘူး
    လူဆိုတာ ကိုယ့်ဝမ်းနာကိုယ်သာသိတဲ့
    နည်းနည်းတော့ ကိုယ်ချင်းစာပေးပေါ့

  1. ရဲမေကြည် said... :

    သူများတွေ နိုင်ငံခြား ထွက်တိုင်း ကိုယ်လည်း လိုက်ထွက်။ သူများတွေ အလည်အပတ်ဗီဇာနဲ့ အလုပ်လာရှာပြီး ရသွားတဲ့သူတွေကိုပဲမြင်ပြီး ကိုယ်လည်း စင်ကာပူကို တက်လာ။ ကိုယ့်ရဲ့ အရည်အချင်းအစစ်အမှန်ကို မတွက်ချက် မသုံးသပ်ဘဲ လာတော့ အလုပ်က မရ။ အင်္ဂလိပ်လိုကျတော့လည်း Broken တောင် ကောင်းကောင်းမွန်မွန် မရချင်။ ဒီလိုနဲ့ အိမ်ပြန်လို့တော့ မဖြစ်ဘူး။ ရရာ အလုပ်လုပ်မှဆိုပြီး နောက်ဆုံး အိမ်ဖော်အလုပ်ဝင်လုပ်။ မျှော်မှန်းထားတာက နိဗ္ဗာန်ဘုံ၊ ကြုံရတာက ငရဲဘုံတမျှ။ အဲဒီမှာ ဒုက္ခလှလှတွေ့ကြတော့တာပဲ။

  1. Anonymous said... :

    တို့နိုင်ငံမှာအလုပ်အကိုင်အခွင့်အလန်းတွေရှိမယ်..လုပ်ခလစာတွေကောင်းမယ်ဆိုရင်ဒီအဖြစ်ဆိုးတွေကြုံရမှာမဟုတ်ဘူး...၀မ်းနဲမိတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved