တန်ဖဲရွာ၊ ၈၈ နဲ့ လူ့အခွင့်အရေးကော်မရှင်

Sunday, May 20, 2012


ကချင်ပြည်နယ်မြစ်ဆုံဒေသရှိ တန်ဖဲကျေးရွာအားပြောင်းရွှေ့ ခြင်းကိစ္စနှင့်ပါတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ ကိုယ်စား၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးက သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်ရုံးသို့ ပေးပို့ ခဲ့သော တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စနှင့်၊ ပါတ်သက်ပြီး မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင်ရုံးက အလေးထား ဆောင်ရွက်သင့်သည့် ကိစ္စဟု ယူဆပါကြောင်း အောက်ပါအတိုင်း အကြောင်းပြန်စာပြန်လည်ပေးပို့ လာပါသည်။


ယခုကဲ့သို့  မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံး အနေဖြင့်၊ မြန်မာနိုင်ငံသားများ ကြုံတွေ့ နေရသည့်၊ မတရားမှု့ များစွာ အခက်အခဲများစွာထဲမှ တစ်ခုဖြစ်သော တန်ဖဲကျေးရွာ ပြောင်းရွှေ့ ခြင်းကိစ္စရပ်ကို အလေးထားဆောင်ရွက်သင့်သည့် ကိစ္စဟု ယူဆခြင်းအပေါ်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးက ကြိုဆိုလိုက်ကြောင်းနှင့် တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့ အခွင့်အရေးချိုးဖောက်ခံနေရသော ကိစ္စရပ်များအတွက်လည်း၊ အမျိုးသား လူ့ အခွင့်အရေးကော်မရှင်ရုံးမှ တရားမျှတစွာ ကူညီဆောင်ရွက်ပေးရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။ မိမိတို့ ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် တိုင်းရင်းသားဒေသများတွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ တိုင်းရင်းသား အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ပပျောက်သွားရန် အတွက်၊ တိုင်းရင်းသားအရေး ကိစ္စရပ်များကို သမိုင်းပေး တာဝန်တစ်ရပ်အနေဖြင့်၊ ဆက်လက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ညွှန်း - ကိုမြအေး Facebook

ဆက်စပ်သတင်း - မြစ်ဆုံဒေသခံများကို ဖိအားပေးမှု ရုပ်သိမ်းရန် ၈၈ အဖွဲ့ တောင်းဆို

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved