ဘန်ကောက်ရောက် ဒေါ်အောင်ဆန်းစုကြည်

Monday, May 28, 2012

~





Stephff ရဲ့ ကာတွန်း
http://www.facebook.com/stephff.tribalart

ကာတွန်းထဲမှာ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံကနေ ကြိုပါတယ်ရှင်။ Rolex နာရီအတုတော့ မ၀ယ်နဲ့နော် လို့ ပြောနေပြီး
လူအုပ်နဲ့ ဆန္ဒပြတတ်တဲ့ အနီ၊ အ၀ါ အင်အားစုတွေက လေဒီဂါဂါ ထွက်သွား လို့ တညီတညွတ်တည်း တောင်းဆိုနေပုံကို တွေ့ရမှာပါ။ (အနီနဲ့အ၀ါ ကမ္ဘာ့ရန်တွေက ဒီကာတွန်းထဲမှာတော့ လက်တွဲထားကြတယ်း)

ကာတွန်းထဲမှာ ထိုင်းဝန်ကြီးချုပ်က တွစ်နေပါတယ်။
တွစ်တာ သုံးချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည် အားကျအောင် လုပ်ပြနေတာတော့ ဟုတ်ဟန် မတူပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘန်ကောက်မှာ စင်တင်ဂီတပွဲ လာလုပ်တဲ့ အဆိုတော် လေဒီဂါဂါက ထိုင်းရောက်တုန်း ပစ္စည်းအတုတွေ ၀ယ်မယ်လို့
တွစ်တာကနေ ရေးခဲ့ပါတယ်။ တွစ်တာဆိုတာ Facebook လိုပါပဲ၊ အင်မတန် လူသုံးများတဲ့ သတင်းကွန်ရက်အွန်လိုင်းစာမျက်နှာပါ။

လေဒီဂါဂါရဲ့ ထိုင်းမှာ ပစ္စည်းအတုတွေ ၀ယ်မယ်ဆိုတဲ့ တွစ်ချက်၊ ပြောဆိုချက်ကို ထိုင်းနိုင်ငံမှာ ဒေါသထွက်၊ ကန့်ကွက်သူတွေ အများအပြားပါပဲ။

တွစ်တာကနေ သူ့ကို ပြန်လည် ဝေဖန်တဲ့ ထိုင်းတွေလည်း မနည်းမနောပါပဲ တဲ့။

ဒီအကြောင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ သတင်း ဖော်ပြခဲ့ပါတယ်။

http://www.irrawaddy.org/archives/5016 မှာ ဖတ်နိုင်ပါပြီ။

~

1 comments :

  1. Anonymous said... :

    ဒေါ်ရင်လတ်က အမေစု နိုင်ငံခြားဘဏ် မှာ ငွေသွားထုတ်တာ ဘယ်လိုအနံ့ရသွားလည်း မသိဘူးနော်၊ တော်တော်လည်တာဘဲ၊ အမေစု ပိုက်ဆံတွေရရင် သူတို့ဆီက အကောင်းစားတွေ ၀ယ်သွားအောင် တမင် ဂွင်ဆင်နေတာဖြစ်မယ်။
    ဒို့ အမေစုက လေဒီစုပေမယ့် အတုဝယ်တဲ့ လေဒီဂါဂါ မဟုတ်ဘူး၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved