"သမဂ္ဂအဆောက်အအုံ ပြန်လည် ပေါ်ထွန်းရေး" ဦးမြင့် တိုက်တွန်း

Saturday, May 19, 2012

၂၀၁၀ ဒီဇင်ဘာလက ရန်ကုန်မြို့ NLD ရုံးချုပ်ရဲ့ World AIDS Day အစီအစဉ်မှာ တွေ့ရတဲ့ ဦးမြင့်

ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည် ပေါ်ထွန်းရေး အပါအ၀င် ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာ ပြန်လည် တည်ဆောက်ရေးအတွက် စီးပွားရေးပညာရှင် ဦးမြင့်က အိတ်ဖွင့်ပေးစာ တစောင် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

၆ မျက်နှာပါ ပေးစာကို အောက်ဖော်ပြပါ လင့်တွေမှာ ဖတ်ရှုနိုင်ပါပြီ။
(
ပုံကြီးချဲ့ဖတ်ဖို့ ပေါ်လာတဲ့စာပေါ် ကလစ်တချက် နှိပ်ပါ)

စာမျက်နှာ ၁
စာမျက်နှာ ၂

စာမျက်နှာ ၃
စာမျက်နှာ ၎

စာမျက်နှာ ၅
စာမျက်နှာ ၆

4 comments :

  1. ဒေါက်တာဦးမြင့်ရဲ့ အိတ်ဖွင့်ပေးစာကို အပြည့်အဝထောက်ခံပါတယ်။ တကယ်တော့ နှစ်ပေါင်းနှစ်ဆယ်ကျော် စွန့်ပစ်ခံထားရတဲ့ တက္ကသိုလ်အဆောက်အဦများဟာ ဘယ်လောက်အထိ ပျက်စီးယိုယွင်းနေပြီလဲ...စဉ်းစားသာကြည့်ကြပါတော့။ အဆောက်အဦတွေရဲ့ ပျက်စီးယိုယွင်းမှုအပြင် ကျန်တဲ့အပိုင်းကဏ္ဍများမှာ နစ်နာဆုံးရှုံးမှုတွေဟာဆိုရင်လည်း မပြောပြနိုင်လောက်အောင် ကြီးမားလှပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို မြန်နိုင်သမျှမြန်မြန် အကောင်အထည်ဖေါ်သင့်ပါတယ်။
    ရန်ကုန်တက္ကသိုလ်တစ်ခုတည်းသာမဟုတ်ပါဘူး၊ မြန်မာပြည်မှာရှိနေကြတဲ့
    သော့ခတ်စွန့်ပစ်ခံထားရတဲ့ တက္ကသိုလ်အဆောက်အဦများအားလုံးကိုလည်း ပြန်လည်ပြုပြင် ထိန်းသိမ်းပြီး ယခင် ၁၉၈၈ ခုနှစ် မတိုင်မှီကာလကဲ့သို့ ပြန်လည်အသက်ဝင် လှုပ်ရှားစေသင့်ပါပြီ။ မြန်မာပြည်အနှံ့က တက္ကသိုလ်ကျောင်းဆောင်တွေအားလုံးမှာ ကျောင်းသူကျောင်းသားတွေကို
    ပြန်လည်နေထိုင်ခွင့်ပြုသင့်ပါပြီ။ ခေတ်မှီရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦသစ်ကြီးကိုလည်း မြင်လိုလှပါပြီ။

  1. Ko Thet said... :

    ဆရာကြီးဦးမြင့်၏ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်တဲ့စာအား ဖတ်ရတော့ ငယ်စဉ်က ( ဖြစ်မလာခဲ့သည့်) စိတ်ကူးယဉ်ခဲ့သည်များအား လွမ်းနေမိသည်
    ငယ်စဉ်က ကောလိပ်ဂျင် ရုပ်ရှင် နှင့် ဆရာကြီး ဇဝန၏ ကောလိပ်ကျောင်းသားဝတ္ထုများအား ဖတ်ရတော့ အာဇ္ဇဝန်းရွှင်စွာနဲ့ ပြောတတ်သော၊ ကျောင်းသူလေးများက သဘောကျသော ကောလိပ်ကျောင်းသားကြီးအဖြစ် စိတ်ကူးယဉ်နေမိသည်၊
    ဆရာမောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူတို့ ညီအကိုများ၏ ဝတ္ထုများအား ဖတ်ရတော့ ဦးချစ်ဆိုင်၌ လက်ဖက်ရည်သောက်ချင်နေမိသည်၊ မာလာဆောင်ရှေ့မှာ သီချင်းတွေဆိုရင်း၊အင်းလျားကန်ဘောင်၌ ဘူးသီးကြော်စားချင်မိရင်း၊သစ်ပုက်ပင်ကြီးအား တိုင်တည်ရင်း ချစ်သူနဲ့အတူ ဂျက်ဆင်နားမှာ လမ်းလျှောက်ချင်နေမိပြန်သည်၊
    ဆယ်ကျော်သက်အရွယ် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ဝတ္ထုများအား ဖတ်ရပြန်တော့လည်း ရန်ကုန်တက္ကသိုလ်၊မန္တလေးတက္ကသိုလ်၊မော်လမြိုင်ကောလိပ်၊တောင်ကြီးကောလိပ်တို့၏ အလှအပများအား ခံစားရင်း၊ စိတ်ကူးလေးတွေက လေယူရာယိမ်းရင်း နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လေး ဖြစ်ချင်နေမိပြန်သည်
    ( အနာဂတ် မြန်မာလူငယ်များအနေဖြင့် တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ အရသာအား ပြည့်ဝစွာခံစားနိုင်ပါစေဟု မျော်လင့်မိပါသည် )

  1. Anonymous said... :

    ၉၀ခုနှစ်အလွန်ကဂျပန်ရောက်သွားတော့ဂျပန်အဖိုးကြီးတေယာက်နဲ့တွေ့တော့၊ ရန်ကုန်တက္ကသိုလ်ကဘွဲ့ရခဲ့တယ်လို့ပြောတော့တခါတည်းတလေးတစားဆက်ဆံတယ်။ ပြီးတော့ပြောပြတယ်။ သူတို့တက္ကသိုလ်တက်တုံးက အာရှမှာတရုပ်ကပီကင်းတက္ကသိုလ်ပြီးရင်ရန်ကုန်တက္ကသိုလ်ကအကောင်းဆုံးတဲ့။ ပြီးတော့မှသူတို့ဂျပန်ကတိုကျိုတက္ကသိုလ်ကတတိယနေရာမှာဘဲရှိတယ်တဲ့။ကိုယ်ကတော့ကိုယ့်အကြောင်းကိုယ်သိလို့ရှက်လိုက်တာ။

    ဦးမြင့်အကြံပေးတာလုံးဝသဘောတူပါတယ်။ တခုဘဲအကြံပေးခြင်တာကကျောင်းသားသမဂ္ဂအဆောက်အအုံ ကို စစ်တပ်ကဖြိုလိုက်တဲ့အေဆာက်အအုံအဟောင်းအတိုင်းတဝမသိမ်းတူအောင်ပြန်ဆောက်ဖို့ပါ။ မနီးမေဝးမှာကျောင်းသားသမဂ္ဂအဆောက်အအုံ အသစ်ကိုတော့ခေတ်မှီအောင်ဆောက်ကြတာပေါ့။အဟောင်းကတော့ကျောင်းသားသမိုင်းမှာကျဆုံးသွားတဲ့လူတွေရဲ့အထိမ်းအမှတ် ပေါ့။ ခုံတွေကအစဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကအတိုင်းထားရမယ်။ ကျောင်းသားလှုပ်ရှားမှုကိုမြေမြှုပ်ဖို့လုပ်တဲ့နေ၀င်းစစ်အုပ်စုကိုဆန့်ကျင်အောင်မြင်တဲ့အထိမ်းမှတ်တခုအဖြစ်ရှိရမယ်။

  1. Anonymous said... :

    ယခုလက်ရှိကာလတွင် ရန်ကုန်တက္ကသိုလ် ၏ အမျိုး သမီး အဆောင်ဟောင်း ဖြစ်သော သီရိ ဆောင်ကို ဆောက်လုပ်ရေး ၀န်ကြီးဌာန မှ သိမ်းပိုက်ကာ ရုံးလုပ်ထားပါသည်။ ရန်ကုန်တက္ကသိုလ် ပရ၀ုဏ် အတွင်း သို့ ၀င် ရောက်သည့် တံခါးပေါက်များတွင်လဲ အစောင့်များ ချထား ပြီး ၀င်ရောက်လေ့လာလို သူများ လွတ်လပ်စွာ ၀င်ရောက် နိုင်ခြင်း မရှိပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved