
သမ္မတနှင့် ပတ်သက်သည့် သတင်းတွေကို အများသူငါ သိရှိနိုင်ဖို့ သမ္မတရုံးအနေနဲ့ အင်တာနက် စာမျက်နှာတခု ကို နိုင်ငံတော် သမ္မတရုံး၊ သတင်းပြန်ကြားရေးဌာနကနေ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သမ္မတရုံးနဲ့ နီးစပ်တဲ့ သူတဦးရဲ့ အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာမှာ ယမန်နေ့က တင်ထားပါတယ်။
“သတင်းထုတ်ပြန်ရေးအတွက် သမ္မတရုံး ဝက်ဘ်ဆိုက် စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။ မကြာခင် နိုင်ငံတော် သမ္မတ၏ Update သတင်းများကို ယင်းဝက်ဘ်ဆိုက်မှ တရားဝင် လွှင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါ သည်” ဟု သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားတာပါဘဲ။
သူရဲ့ စာမျက်နှာကတဆင့် စမ်းသပ် ထုတ်လွှင့်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးအမည်နဲ့ အင်တာနက် စာမျက်နှာမှာတော့ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ တင်ပြသွားမှာ ဖြစ်ပြီး ကဏ္ဍများလည်း အသီးသီး ခွဲထားပါတယ်။ အထူးသဖြင့်တော့ သမ္မတရဲ့ နေ့စဉ် လုပ်ဆောင်မှုကို သတင်းပြန်ကြားရေးအဖွဲ့က တင်ပြသွားဖို့ စီစဉ်ထားခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အင်တာနက်စာမျက်နှာကတဆင့် သမ္မတကို အကြံဥာဏ်များ ပေးလို့ရနိုင်မယ့် အကြံပြုလွှာ ပေးပို့ရန် လိပ်စာနဲ့ ဝေဖန်ရေးသားခွင့်ရှိတဲ့ ကွန်မန့်ဘောက်စ် ပါဝင်ခြင်း ရှိ၊ မရှိ သဲသဲ ကွဲကွဲ မသိရသေးပါဘူး။
မကြာသေးခင်ကပဲ အဆိုပါ အင်တာနက်စာမျက်နှာကို သွားလိုက်ပေမယ့် ပြုပြင်နေဆဲဖြစ်တယ်လို့ စာတမ်းထိုးပြီး ၀င်ကြည့်လို့ မရဖြစ်ပါတယ်။
( Site under maintenance
e-President Portal is currently under maintenance. We should be back shortly. Thank you for your patience
ဝင်ကြည့် တဲ့အခါ ထိုစာတမ်း ပေါ်လာပါတယ်။
0 comments :
Post a Comment