ပို့ဆောင်ရေးဝန်ကြီး၊ ဆန်းဖားနှင့် မြန်မာ့လေကြောင်း

Friday, May 4, 2012


ပြုပြင်ပြောင်းလဲမှုများနှင့်အတူပြည်ပနိုင်ငံများ၏ စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့်ပြည်တွင်း လေကြောင်း ပို့ဆောင်ရေး ဈေးကွက်အလားအလာ ကောင်းမွန်လာနိုင်မည်ဟု သုံးသပ်ခဲ့ကြပါသည်။
ဒီအချိန်မှာပဲမြန်မာ့လေကြောင်းကို စီးပွားရေးဆန်ဆန် လုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နှင့် နှစ်ပေါင်းများစွာပြည်သူအတွက် အရှုံးခံပြေးဆွဲခဲ့တဲ့မြန်မာ့လေကြောင်းရဲ့ တွက်ချေကိုက်တဲ့ ခရီးစဉ်တော် တော်များများကို.. ဆန်းဖား ခရီးသွားလုပ်ငန်းကို စင်းလုံးငှားအဖြစ် ပေးလိုက်ပြီး မကိုက်တဲ့ ခရီးစဉ်တွေကိုမြန်မာ့လေကြောင်းကပဲ ပြည်သူ့အခွန်ကနေ အရှုံးခံပြီး ဆက်ဆွဲနေရပါတယ်။

မော်လမြိုင်-ထားဝယ်-မြိတ် ကော့သောင်း ညအိပ်ခရီးစဉ် ကို မြန်မာ့လေကြောင်းတစ်ခုပဲ ပျံသန်းခွင့်ပြုမည်ဆိုပြီး စာထွက်လာပါတယ်

( စာကို ဒီမှာ ဖတ်ပါ )

ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက..ကျွန်တော်တို့ အရှုံးခံ လုပ်နေတဲ့သူတွေကို ပြန်မကြည့်တော့ဘုးဗျာဟု စိတ်ပျက်လက်ပျက်ပြောကြားခဲ့ပါသည်။

` ဆန်းဖားရဲ့ပိုင်ရှင်ဦးသန်းဦးက..မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်းမှ တဆင့်ဝန်ကြီးဦးဥာဏ်ထွန်းအောင်နှင့် ရင်းနှီးခဲ့ပြီး ယခုအခွင့်အရေးကိုအရယူနိုင်ခဲ့ပါတ.ယ်။

မြန်မာ့လေကြောင်းမှဝန်ထမ်းတစ်ဦးက..ဒို့ဝန်ကြီးက ဒီငါးနှစ်ပြီးရင် တောပြန်မယ်လို့ ပြောထားတော့အပြီး တစ်ခါထဲရိုက်နေတာကွ...လေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာလည်း ၀န်ကြီးသမီးက Forwarderလုပ်နေလို့ ငါတို့ဝန်ထမ်းတွေလဲ ဂွင်ပျက်ပြီးထမင်းငတ်နေတယ်.. ငါတို့တင်လား ပိုင်ပါတယ်ဆိုတဲ့.. ကိုတေဇလိုလူတောင်..၀န်ကြီးနဲ့ ဦးတင်မောင်ထွန်းကို ရှယ်ယာမပေးလို့..သူ့ MCS ကြီး. ဒေါ်လာလေးငါးသန်း အကုန်ခံပြီး ဒီအတိုင်းပဲထားနေရတာ..ဟု ပြောဆိုသွားပါသည်။
----
သမ္မတကြီးကိုသိစေခြင်ပါသည်။ နိုင်ငံသိက္ခာကိုတောင်ဂရုမစိုက်ခဲ့တဲ့ လူမျိုး အစိုးရအဖွဲ့ထဲရှိနေတာကိုပါ။

Ko Latt










1 comments :

  1. Anonymous said... :

    Than Oo is sub IQ. Danger for country.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved