မိုဘိုင်းဖုန်းအသုံးဝင်ပုံ

Thursday, May 31, 2012


(ဓာတ်ပုံ - အောင်အောင် / ဧရာဝတီ)

ဒီကနေ့ မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့အာဘော်မှာ မိုဘိုင်းဖုန်းအသုံးဝင်ပုံကို ဖော်ပြထားပါတယ်။

သုံးတတ်ရင် အင်မတန် အကျိုးရှိမယ်လို့ အကြံပြုထားပါတယ်။

လူတိုင်းဝယ်သုံးနိုင်တဲ့အခြေအနေ အမြန်ဖန်တီးဖို့ အစိုးရလူကြီး တာဝန်ယူထားသူတွေကို တိုက်တွန်းအကြံပြုတဲ့စာလည်း ရေးသင့်ပါတယ်။

မြန်မာ့အလင်းက အကြံပြုရင် ပိုပြီး သင့်လျော်မယ်လို့ ယူဆရပါတယ်။

4 comments :

  1. Anonymous said... :

    ဖုန်းနံပါတ်မှတ်ဖို့ စာအုပ်နဲ့ ဘောပင်တဲ့ ဒါက အယ်ဒီတာရဲ့ အာဘော်လား

  1. ဖေဖေကြီး said... :

    ရေးတဲကောင်အခုမှ ဖုန်းမြင်ဘူးတာလား။ ဖုန်းကိုင်တဲကောင်က စာအုပ်နဲဘောပင်ဆောင်ပြီး ၊ ဖုန်းနံပါတ်ပါတဲ့ လိပ်စာကဒ်တောင်ဆောင်ရဦးမတဲ။ ဖုန်းများများပြောပေးပါတဲ့။ ဆသရ ပရိုမိုးရှင်းလား မောင်ဂျပုရဲ့။ မြန်မာသတင်းစာ အောက်တန်းကျပုံများ ဒီခေတ်ကြီးမှာ ဟန်းဖုန်းတစ်လုံး ၂ သိန်းနဲ ရောင်းတာကို အရေးကြီးခွင်ကျယ်လုပ်ပြီး ဖုန်းခများများရအောင် သတင်းစာထဲကပါ အကြံပေးဆောင်းပါးဆိုဘဲ။ အဲဒီလောက်ဥာဏ်တိမ်လိုလည်း မင်းတိုခေါင်းဆောင်ဘကြီးပြောင် ကိုယ်တိုင် တကယ်ပွဲကျတော့ အမေစုပါတာနဲ့ ကျွတ်ကျဲပြီး ကျွန်တော်မအားလို့ပါဖြစ်သွားရတာပေါ့။ ပြည်သူတွေကို အထင်သေးပြီး ပြောချင်ရာပြောတာလောက် ခံပြင်းတာမရှိဘူး။

  1. Anonymous said... :

    အယ်ဒီတာရဲ့ အဲဒါလူတိုင်းသိတယ် သူများနိုင်ငံတွေမှာ
    ဆင်းကဒ်တန်ဘိုး ၁၅၀၀-၂၀၀၀လောက်ရှိတာ နင့်နိုင်ငံမှာ ၂၅၀၀၀၀ အဲဒါကောနားလည်လား သူများနိုင်ငံမှာ ခြင်ထောင်ထဲ
    အိပ်ပြောလို့ရတယ် နင့်နိုင်ငံမှာ သစ်ပင်ကွယ်ရင်တောင်
    " ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပါသည်" ဆို့တဲ့ ငှက်စုန်းထိုးသံ ကြားရတာ နင်သိလား

  1. Anonymous said... :

    အဲဒါတွေကြောင့်မြန်မာနိုင်ငံမပြန်နိုင်သေးတာ လေတယ်လို့....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved