စစ်ကုန်သည်ကြီးများ အကြောင်း တစေ့တစောင်း ( ၁ )

Friday, May 25, 2012

မြန်မာနိုင်ငံမှာ စစ်တပ်က ကြီးစိုးလာခဲ့တာ ဆယ်စုနှစ်ပေါင်း ၅ စု ကျော်နေပါပြီ။ အခု အစိုးရသစ်ထဲမှာလည်း အရင် စစ်ဗိုလ် လူရမ်းကားများ ပါဝင်နေဆဲပါပဲ။ ဒါကြောင့်လည်း ကြွယ်ဝ ချမ်းသာမှုများဟာ စစ်တပ် အကြီးအကဲဆိုသူများသာဖြစ်နေတာ လူတိုင်း အသိပါ။

အကျင့်ဆိုးတွေကို ရင်မှာ ပိုက်ပြီး မြန်မာနိုင်ငံမှာ စစ်ကုန်သည်ကြီးတွေရဲ့ လက်ဝါးကြီးအုပ်၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေထဲက မှတ်တမ်းတခုလည်းဖြစ်ပါတယ်။

အမည်မဖော်ပြတော့ပါဘူး တာဝန်သိတဲ့ တစ်ယောက်က မေးလ်ထဲကို ပို့လာတဲ့အတိုင်းပဲ တင်လိုက်ပါတယ်..

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကတော့ အခုလို မှတ်ချက်ပေးထားပါတယ်။

စာဖတ်ရတာ ရင်ထဲ မချိအောင် ခံစားရပါတယ်ဗျာ။ ကျနော် တပ်မတော်မှာ တာဝန်ထမ်းစဉ်ကတည်းက ဒီလို အရာရှိဆိုးတွေ အများကြီး ကြုံခဲ့ရဖူးပါတယ်။

ဒါပေမယ့် အခု တပ်မှူးလောက်ဆိုးတာတော့ မတွေ့ခဲ့ဖူးဘူး လို့ ဆိုရမှာပဲ။ စစ်တပ်ရဲ့ အုပ်ချုပ်မှု အာဏာကို အလွဲသုံးစားလုပ်ပြီး၊ ကိုယ်ကျိုးကလွဲ ကျန်တာ မစဉ်းစားတော့ဘူး ဆိုရင်။ ဒီတပ်ဟာ ပြည်သူကို ကာကွယ် စောင့်ရှောက်တဲ့ တပ်မတော် မဟုတ်နိုင်တော့ဘူး။

သူ့အချင်းချင်း ရဲဘော် ရဲဘက်ချင်းတောင် ဒီလောက် ညစ်ပတ်သေးသိမ်နှုတ်တဲ့ ဆက်ဆံပုံတွေ ရှိရင် လူထု အပေါ်တော့ ပြောမနေပါနဲ့တော့။ ကျနော်ကတော့ တခုပဲ စဉ်းစားမိ တယ်ဗျ။

အခု လွှတ်တော်ထဲမှာ ၂၅ ရာနှုန်း နေရာယူထားတဲ့ လွှတ်တော်အမတ်တွေကိုပဲ အားကိုးရမှာပဲ။ လွှတ်တော်တွင်းမှာ တိုင်းရေး ပြည်ရာလည်း ဆွေးနွေးပါ။ အခုလို နိုင်ငံ တခုလုံးရဲ့ အားကိုးအားထားဖြစ်စရာ မြန်မာ့ တပ်မတော်ကို လည်း ပျက်ယွင်းနေတဲ့ အခုလို အရာရှိဆိုးတွေ အုပ်ချုပ်မှုကနေ ကင်းပ သွားအောင် သန့်ရှင်းသွားအောင် အရည်အချင်းတွေ စစ်ထုတ်ဖို့ တပ်မတော် ကာချုပ်ကို တင်ပြကြပါ။

တပ်မတော်လည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အရေးတကြီး လိုနေပြီလို့ မြင်မိပါတယ်။ လတ်တလော ကျနော်နဲ့ ထိတွေ့ပြောဆိုဖြစ်တဲ့ ၀န်ထမ်းတွေက သူတို့ ရင်ထဲက စကားလေးတွေ ပြော တယ်။ သူတို့ ၀န်ထမ်းလောကမှာ ဒီမိုကရေစီဆိုတာ မရှိသေးပါဘူးတဲ့။ သူတို့လည်း လိုချင်ပါတယ်တဲ့။










1 comments :

  1. Unknown said... :

    ကြားရတာ စိတ်မကောင်းစရာပဲ၊ ဘာလို့ ဒီလောက်တောင် တကိုယ်ကောင်း ဆန်တာလဲ၊ ဝန်ထမ်းအချင်းချင်း ဘာလို့ လေးလေးစားစား မရှိတာလဲ၊ ဘာလို့ လေးစားပါတယ် လို့ ခဏ ခဏ ပြောနေတော့မှာလဲ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved