ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်က စတင်၍ လူအင်အား ၁၀၀ ကျော်ရှိသော မန္တလေး ပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံး အား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်း လမ်းလျှောက်ပွဲ ကျင်းပနေစဉ်။
မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင် မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရသည်။
ကျောင်းသူ ကျောင်းသားတွေ ပညာရေးအတွက် လျှပ်စစ်မီးအစား ဖယောင်တိုင်မီးနဲ့ အခုလို ပညာရှာနေကြရ
အခု နောက်ထပ်ရရှိတဲ့ သတင်းများအရ ပူးပေါင်းလာသူများ စုစုပေါင်း ၅၀၀ ကျော်လာပြီဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။
နောက်ဆုံး ရရှိသည့် CJ Myanmar သတင်းပို့ချက်အရ
အခုလို ဆန္ဒဖေါ်ထုတ်ခွင့်ရလာတာရော ဆန္ဒဖေါ်ထုတ်ရဲလာကြတာရော အဆိုးထဲက အကောင်းပါပဲ။