Gtalk သုံးပြီး. ကိုယ့်လိပ်စာ မကျန်ခဲ့စေဖို့

Monday, May 7, 2012

မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူ တော်တော်များများက Gtalk နဲ့ Gmail တွေကို အသုံးပြုတာ များပါတယ်။ အင်တာနက် သုံးသူတွေအနေနဲ့ကလည်း အိမ်တွေမှာ သုံးတာထက် အင်တာနက် ကဖေးဆိုင်တွေမှာ အသုံးပြုတာ များပါတယ်။

ဆိုင်မှာ သုံးတဲ့အခါ ကွန်ပျူတာ စက်မှာ Gtalk သုံးသူတွေအတွက် ကိုယ်လိပ်စာ မကျန်ခဲ့စေဖို့ အတွက်ပါ။ ကိုယ်ရဲ့ အီးမေးလ်လိပ်စာကို သူများသိသွားရင် ကိုယ့်ကို Invite လည်း လုပ်လာနိုင်သလို၊ တချို့ နည်းပညာကို မသမာသော နည်းနဲ့ ဖြစ်စေ၊ လက်တည့်စမ်းလိုတဲ့သဘောနဲ့ဖြစ်စေ ကိုယ့်လိပ်စာကို ဆိုင်မှာ အများသူငါ သုံးနေသူတွေ မသိအောင်၊ ကျန်မနေခဲ့ဖို့အတွက်ပါ။

ပထမဆုံးအနေနဲ့ ပုံ ၁ မှာ ပြထားတဲ့ Start Menu ခလုပ်ကို နှိပ်ပြီး Run ဆိုတဲ့ ဘောက်ကိုရှာတာဖြစ်ဖြစ်၊ ဒါမှ မဟုတ် Window + R Key ၂ ခုကို တွဲနှိပ်လိုက်ပါ။

ပုံ (၁)


Run ဆိုတဲ့ အောက်မှာပြ ထားတဲ့ ပုံ ၂ လို ဘောက်စ်လေး ကျလာရင် အပေါ်ကနေ အောက်ကို မြှား အနီ ပြထားတဲ့အတိုင်း Regedit လို့ ရိုက်ထည့်ပြီး ဘေးက မြှားအနီပြထားတဲ့အတိုင်း OK ကို နှိပ်လိုက်ပါ။

ပုံ (၂ )
OK ကိုနှိပ်ပြီးတာနဲ့ အောက်မှာ ပြထားတဲ့ ပုံ ၃ အတိုင်း ဘောက်စ် တခု ထပ်ကျလာမယ်။
အဲဒီဘောက်စ်ထဲမှာ KEY_CURRENT_USER ဆိုတဲ့ စာတမ်းရဲ့ ဘယ်ဘက်က အနီရောင်လေးထောင့်ကွက် ကလေးကို ပုံမှာ မြင်ရတဲ့အတိုင်း နှိပ်လိုက်ပါ။

ပုံ (၃)
ဒါဆိုရင် ပုံ ၄ မှာမြင်ရတဲ့အတိုင်း KEY_CURRENT_USER အောက်မှာ တန်းစီပြီး ကျလာတဲ့အထဲက ပုံမှာ မြှားအနီ ထိုးပြ ထားတဲ့ Software ဆိုတာရဲ့ ဘယ်ဘက်က လေးထောင့်အနီကွက်ပြထားတဲ့ သင်္ကေတလေးကို နှိပ်လိုက်ပါ။

ပုံ (၄)
ဒါဆိုရင် အောက်မှာပြထားတဲ့ ပုံ ၅ အတိုင်း ထပ်ပြီး ကျလာမယ့် များစွာထဲက Google ဆိုတာရဲ့ ဘယ်ဘက်က လက္ခဏာ လေး ကို နှိပ်လိုက်ရင် Common, Google Talk, Google Talk Plugin, Google Toolbar စတာတွေ ထပ်ကျလာမယ်။

ပုံ (၅)
အဲဒီအထဲက Google Talk ရဲ့ ဘယ်ဘက်က လက္ခဏာလေးကို ထပ်နှိပ်လိုက်ရင် အောက်က ပုံ ၆ မှာ ပြထားတဲ့အတိုင်း Account အပါအ၀င်ကျလာတဲ့အထဲက Account ကို နှိပ်လိုက်ရင် အောက် မှာ ပေါ်လာမှာက အဲဒီစက်မှာ Gtalk သုံးသွားတဲ့ သူတွေရဲ့ အီးမေးလ် လိပ်စာတွေပါပဲ။

ပုံ (၆)

အဲဒီအီးမေးလ်လိပ်စာတွေထဲက မိမိ လိပ်စာပဲဖြစ်ဖြစ် ကိုယ်ဖျက်လိုတဲ့ လိပ်စာပဲဖြစ်ဖြစ်၊ စေတနာအပြည့်နဲ့ သူများတွေရဲ့ လိပ်စာတွေပဲ ဖြစ်ဖြစ် တခုချင်းစီပေါ်ကို Right Click ပေးပြီး Delete လုပ်လိုက်ပါ။
အဲဒီလို လုပ်ပြီး ညာဘက်က Name/ Type/ Data တို့ထဲမှာ အီးမေးလ်လိပ်စာကျန်နေသေးတယ်ဆိုရင် ဘယ်ဘက် အစွန် ဆုံးက သင်္ကေတလေးကို Right Click ပေးပြီး Delete လုပ်လိုက်ပါ။

ဒီထက် ပိုပြီးသေချာဖို့ဆိုရင် My Computer ကို Right Click ပေးလိုက်ရင် ဘောက်စ် တခု ကျလာတာ နဲ့ အောက်မှာ ပြထားတဲ့ ပုံထဲကအတိုင်း Manage ဆိုတာကို နှိပ်လိုက်ပါ။

ပုံ (၇)

Manage ကို နှိပ်လိုက်ရင် အောက်က ပုံအတိုင်း ဘောက်စ် တခု ထပ်ကျလာပြီး အဲဒီဘောက်စ်ထဲက ဘယ်ဘက်မှာ မြှားပြ ထားတဲ့ Event Viewer ကို နှိပ်လိုက်တာနဲ့ ဒီပုံ ၈ ရဲ့ အောက်ဆုံးနားမှာ ပြထားတဲ့ Application စတဲ့ စာတန်းတွေပေါ်ကို Double Click ( ၂ ခါ တဆက်တည်း) နှိပ်လိုက်ပါ။

ပုံ (၈)

ဒါဆိုရင် အောက်က ပုံ ၉ မှာ ဖော်ပြတဲ့အတိုင်း ဘောက်စ်ကျလာပြီး ခုနက Application, Security, Setup, System, Forwarded Event စတာတွေဟာ ဘယ်ဘက်မှာ ပြောင်းပေါ်လာပါမယ်။

ပုံ (၉)

အဲဒီအခါမှာ Application ဆိုတာကို နှိပ်လိုက်ရင် အလယ်မှာ Information ဆိုတဲ့ မသန့်ရှင်းရသေးတဲ့ အမှိုက်တွေ တပုံကြီးကျလာမယ်။ အဲဒီအခါ မှင်အနီ လေးထောင့်နဲ့ ညာဖက်မှာ ပြထားတဲ့ Clear Log ဆိုတာကိုနှိပ်လိုက်ရင် အလယ်မှာ ပေါ်နေတဲ့ Event Viewer ဆိုတာ ပေါ်လာပါမယ်။ အဲဒီ ထဲက Clear ကို နှိပ်လိုက်ရင် အလယ်မှာ ပေါ်နေတဲ့ အမှိုက်တွေ ရှင်းသွားမှာပါ။

ပုံ (၁၀)

အထက်က ပြောခဲ့သလိုပဲ Security နှိပ် Clear Log နှိပ်၊ Clear နှိပ် လုပ်ရင်း အလားတူ Setup, System, Forwarded Event စတာတွေလည်း လုပ်ရင်း အမှိုက်တွေရှင်းပြီး ကိုယ့်လိပ်စာလည်း စက်ထဲမှာ မကျန်ခဲ့သလို စက်ကလည်း သုံးရတာ ပေါ့ပါးသွားပါလိမ့်မယ်။

ကွန်ပျူတာ၊ အင်တာနက် အသုံးပြုသူများ လုံခြုံစိတ်ချ၊ သွက်လက်မြန်ဆန်စွာ အသုံးပြုနိုင်၍ စိတ်ချမ်းသာကြပါစေ။

အိမ့်သံစဉ်





1 comments :

  1. Doot Check said... :

    ကျေးဇူးတင်ပါတယ် .... Win7 မှာ eventvwr ကနေရှင်းဖို့ ရှာနေတာ အခုမှဘဲ တွေ့တော့တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved