Miss Asia Universe ထက်အဉ္ဇလီကျော်နှင့် တွေ့ဆုံခြင်း

Tuesday, May 22, 2012

Popular Myanmar News Journal မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံကို နှစ်ပတ်ကြာအလည် အပတ် ရောက်ရှိလာခဲ့တဲ့ Miss Asia Universeဆု ရရှိပိုင်ဆိုင်ထားသူတစ်ဦးနဲ့ ပေါ်ပြူလာက တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။ သူမကတော့ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ Valerie Sheibels လို့ခေါ်တဲ့ ထက်အဉ္ဇလီကျော်ပဲဖြစ်ပါတယ်။ သူမကို ထိုင်းနိုင်ငံချင်းမိုင် မြို့မှာမွေးဖွားခဲ့ပါတယ်။ အဖေက ပေကျင်း တရုတ်စစ်စစ်ဖြစ်ကာ အမေ ကတော့ ရှမ်းတိုင်းရင်းသူဖြစ်ပြီး သူမက အမေရိကမှာနေ ထိုင်နေ သူဖြစ်ပါတယ်။ နိုင်ငံခြားမှာ Professionalမော်ဒယ်အဖြစ်ရပ်တည်ခဲ့ပြီး မော်ဒယ်တစ်ယောက်အနေနဲ့ နိုင်ငံတကာ အတွေ့ အကြုံတွေလည်း များစွာရှိထားသူတစ် ယောက်ပါ။ မြန်မာနိုင်ငံကို ရောက်ရှိတဲ့အချိန် အတွင်းမှာ မြန်မာမော်ဒယ်တွေအတွက် Workshopတစ်ခုကို မေလ ၅ ရက်နေ့က စင်ထရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မေလ ၉ ရက်နေ့မှာတော့ Asian Fame Media Group ကို အလည်အပတ် ရောက် လာခဲ့ရာ သူမရဲ့ဘဝ အတွေ့အကြုံများကို ပေါ်ပြူလာမှ မေးမြန်းခဲ့ပါတယ်။

မေး- နိုင်ငံတကာ Miss ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်အတွေ့အကြုံနဲ့ ရရှိခဲ့တဲ့ဆု၊ပြည်ပ ရုပ်သံလိုင်းတွေမှာ သရုပ်ဆောင်ဖြစ်ခဲ့ပုံ တွေကို သိချင်ပါတယ်။

ဖြေ- မော်ဒယ်စစချင်းပြိုင်တော့ ၁၈ နှစ်ပဲ ရှိသေးတယ်။၂ဝဝ၁ ခုနှစ်မှာ Miss South East Asia ဆုကိုရရှိခဲ့တယ်။ ၂ဝဝ၁ ခုနှစ်မှာပဲ Miss Chinese International ကိုဝင်ပြိုင်တာ 1st Runner Up ရတယ်။ အစ်မရဲ့ရှေ့က Miss ရသွားတဲ့သူက Press Releaseမှာ ဓာတ်ပုံတွေနဲ့ မကောင်း သတင်းတွေ ထွက်လာတော့ သူကပြုတ် သွားတယ်။ သူရဲ့ Titleဆုတွေ အားလုံး အစ်မရသွားတယ်။ အစ်မက စင်ပေါ်မှာတော့ မရခဲ့ဘူး။ သူက စင်ပေါ်မှာ ရခဲ့တယ်။ အစ်မ က လက်လွှဲယူလိုက်ရတာပေါ့။ အဲဒီမှာစပြီး တရုတ်ကTVBS တို့နဲ့ စာချုပ်ချုပ်ခဲ့ရတယ်။ တရုတ်ကြော်ငြာတွေ ရိုက်ခဲ့တယ်။ တရုတ် ဇာတ်ကား ၁ ကား၊ ၂ ကားမှာလည်း ဝင် သရုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ မိဘက သရုပ် ဆောင်လုပ်တာမကြိုက်လို့ အဲဒီကထွက်ပြီး အမေရိက မှာကျောင်းတက်ရင်း Miss Asian America ဝင်ပြိုင်ခဲ့တယ်။ Miss Asian America စနစ်က Miss America လိုပဲ။ Life၊ Fitness နဲ့ Evening Wear နဲ့ Ethnic Wear ၃ခုပေါင်း မှ အမှတ် ၅ဝ ပေးတယ်။ Private Interview က ၂၅ မှတ်၊ On Stage Question က ၂၅ Educationကိုအဓိက ကြည့်တယ်။ မေးခွန်းဖြေနိုင်၊ မဖြေနိုင်ကြည့် တယ်။ ဒီ ၂ ခုမှာ တစ်ခုပြုတ်ကျသွားရင် အမှတ်က သိသိသာသာကျသွားတယ်။ မေးခွန်းတွေက ခက်တဲ့မေးခွန်းတွေ ရှိတယ်။ လွယ်တဲ့မေးခွန်းတွေရှိ တယ်။ ကိုယ့်ရဲ့ကံပေါ်မှာလည်း မူတည်သလို ဖြတ်ထိုးဥာဏ်ပေါ်မှာ လည်းမူတည်တယ်။ ၂ဝဝ၃ မှာ Miss San Francisco America ဝင်ပြိုင်တယ်။ ဘိုတွေ ချည်းပဲ။ ကိုယ်တစ်ယောက်တည်း Asianပါတယ်။ The First Asian ဖြစ်တော့ တအား ဂုဏ်ယူရပါတယ်။ ၂ဝဝ၃ မှာပဲ Miss Asia USA ပြိုင်ပွဲရှိတော့ ဝင်ပြိုင်တာ အစ်မ နိုင်တယ်။ ၂ဝဝ၄ မှာ Miss Asia Universe ပြိုင်တော့ အဲဒီပွဲက တစ်ကမ္ဘာလုံးပွဲ။ အစ်မ အမှား တွေ အများကြီးဖြစ်တယ်။ နိုင်သွားတာ ကိုယ့်ကိုယ်ကိုယ်အံ့သြလို့မဆုံးဘူး။ ကနေဒါကို အားလုံးသွားပြီး ၃ လပြင်ဆင်ကြရတယ်။ အဲဒီမှာတည်းက Top 10ရွေးပြီးသွားပြီ။ မော်ဒယ်ရဲ့စိတ်နေစိတ်ထား၊ ပင်ကိုစွမ်း ရည်၊ မီဒီယာနဲ့ဆက်ဆံပုံတွေကိုကြည့်ပြီး ပွဲမစခင် ကတည်းက ၁ လလောက်အလိုမှာ ရွေးချယ်ထားပြီး သား။ အမှားတွေလုပ်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်။ Miss Asian Universe တွေရပြီးတော့ ကြော်ငြာတွေ လည်းအများ ကြီးရိုက်ဖို့ ကမ်းလှမ်းခဲ့တယ်။

မေး- နိုင်ငံခြားမှာ မော်ဒယ်တစ်ယောက် အနေနဲ့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ။

ဖြေ- နိုင်ငံတကာကိုထိုးဖောက်ဖို့ရည်ရွယ်ပြီး အေဂျင်စီနှစ်ခုနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်ခဲ့ တယ်။ အစ်မမော်ဒယ်ဖြစ်တုန်းကUSမှာ Asianမော်ဒယ် မသုံးဘူး။အစ်မ စင်ကာပူ ရောက်သွားတယ်။ စင်ကာပူမှာ မျက်ရည်နဲ့ မျက်ခွက်ပဲ။၂ နှစ်လောက်ဒုက္ခခံလိုက်ရတယ်။ ဟိုမှာက ဒီကမော်ဒယ်တွေ လိုမဟုတ်ဘူး။ ရှုတင်သွားရင်ယပ်တောင်လိုက်ခတ်ပေး မယ့်လူမရှိဘူး။ ဘတ်စ်ကားစီးရတယ်။ ရထား စီးရတယ်။စက်ဘီးနဲ့သွားရတယ်။ ဆိုင်ကယ် နဲ့သွားရတယ်။စာချုပ်ချုပ်ထားတဲ့မော်ဒယ် တွေကတော့ အလုပ်လုပ် ရတာလွယ်တယ်။ စာချုပ်မချုပ်ရရင် မလွယ်ဘူး။ မော်ဒယ်က လည်း ၁ဝ ယောက်၊ ၁၅ ယောက်မဟုတ်ဘူး။အယောက် ၁ဝဝလောက်ထိရှိတယ်။ နောက် ပိုင်းကျတော့ လူတွေနဲ့ပေါင်းတာများတော့ နားလည်သွားတယ်။သဘောပေါက်သွား တယ်။ တစ်ခါတလေကျရင် မီဒီယာတွေ နဲ့စကားပြောပြီး ငိုခဲ့ရတာတွေလည်းရှိတယ်။ အစ်မကို မီဒီယာတွေက အကြံÓဏ်တွေ အများကြီးပေးခဲ့ပါတယ်။

မေး- မြန်မာနိုင်ငံမှာ workshop လာ လုပ်တဲ့ရည်ရွယ်ချက် ကိုလည်းသိချင် ပါတယ်။

ဖြေ- အစ်မနာမည်ကြီးချင်လို့လာတာ မဟုတ် ဘူး။ အစ်မတတ်တဲ့ပညာနဲ့ အတွေ့အကြုံ တွေကို နောင်လာ နောက်သားတွေကို လက် ဆင့်ကမ်း ဖို့အတွက်လာတာပါ။ မြန်မာနိုင်ငံ က ကလေးမတွေက Miss Myanmar အနေနဲ့မပြိုင်ခဲ့ဘူး။ ဒါပေမဲ့ Record တစ်ခု တော့ဖြစ်ခဲ့တယ်၊၊ မြန်မာနိုင်ငံဘက်ကကမ်းလှမ်း တာတစ်ခုမှမရှိဘူး။ ၂ဝဝ၉ မှ မြန်မာအသိုင်း အဝိုင်းက အစ်မအလှမယ်ရတယ်ဆိုတာသိ တာ။ ရတနာပုံလားမသိဘူး၊နေပြည်တော် သတင်းစာထဲမှာလားမသိဘူး၊ထင်ပေါ်ကျော်ကြား မြန်မာများထဲမှာ စတင်ပြီးသိကြတာ။

မေး-မော်ဒယ်တစ်ယောက်အနေနဲ့ ဘယ်လို မျိုးဝတ်စားဆင်ယင် သင့်တယ်လို့ထင်ပါသလဲ။အောင်မြင်တဲ့မော်ဒယ် တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေရှိဖို့လိုအပ်မလဲ။

ဖြေ- မော်ဒယ်တစ်ယောက်အနေနဲ့ အဝတ် အစားဝတ်တဲ့နေရာမှာ အဆင့်အတန်းရှိဖို့ အရေးကြီးတယ်။ စံပြမော်ဒယ်တစ်ယောက် ဖြစ်တဲ့အခါ ပတ်ဝန်းကျင်က သူ့ကိုဝိုင်းပြီး တော့ကြည့်နေကြတယ်။ အဝတ်အစားမှား သွားပြီဆိုတာနဲ့ ကိုယ့်ကိုအထင်သေးသွားနိုင် တယ်။ ကိုယ်က လေးစား မှုကိုလိုချင်ရင် အဆင့်အတန်းရှိအောင် ဝတ်တတ်ရတယ်။ ကိုယ့်ကို အထင်သေးသွားပြီဆိုရင်တော့ သွား ပြီ။ လူတွေက ကိုယ့်ကိုဘယ်လောက် ပဲကြိုက် ကြိုက်၊ ဘယ်လောက်ပဲချောချော လူတွေရဲ့ အမြင်မှာ မကောင်းတော့ဘူး။ မော်ဒယ်တစ် ယောက်ဖြစ်ဖို့ဆိုတာ ရုပ်ရည် နဲ့တင်မပြီးဘူး။Education က အဓိကပဲ။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တော့ မယ်၊ မီဒီယာနဲ့ဆက်ဆံ တော့မယ်၊ကုမ္ပဏီနဲ့လုပ်မယ်ဆိုရင်Language ကအရေးကြီးပါတယ်။Education ကလည်း အရေးကြီးပါတယ်။ အဲဒီအချိန်မှာ ယောက်ျား တိုင်းက ကိုယ့်အနားကပ်နေမှာလေ။ ကိုယ့် ကိုယ်ကိုယ် မထိန်းနိုင်လို့မရဘူး။ ပိုက်ဆံ နောက်လိုက်သွားရင်းနဲ့ လမ်းမှားရောက်တဲ့ သူတွေ တစ်ပုံကြီးပဲ။

မေး- မြန်မာမော်ဒယ်တွေနိုင်ငံတကာကို ထိုးဖောက်ဖို့ ဘာတွေလိုအပ်မယ် ထင်လဲ။

ဖြေ- မြန်မာမော်ဒယ်တွေကTalentsတော့ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာသွား ဖို့ သူတို့ လိုသေးတယ်။ သူတို့ကလည်း နိုင်ငံတကာ မထွက်ခဲ့ရဘူး။ ဒီပြည်တွင်းမှာပဲလုပ်ရတာ ဆိုတော့ သူတို့ကိုလည်း အပြစ်မပြောပါဘူး။ဒါပေမဲ့ သူတို့က မှန်ကန်တဲ့လမ်းကြောင်း ပေါ်မှာ ရှိကြပါတယ်။ တစ်ခုပဲလိုတာက နိုင်ငံ တကာအဆက်အသွယ်လိုတယ်။ မတင်မိုး လွင်က ဒီမှာ ရုံးရှိတယ်၊ အစ်မက ဟိုမှာရုံးရှိ တယ်။ ကုမ္ပဏီ ၂ ခုပေါင်းပြီး လုပ်မယ်။မြန်မာ ပြည်က တစ်ယောက်လောက်ရွေးထုတ်ပြီး တော့ အင်းလေးမှာModelling Training လုပ်မယ်။ အဲဒီTrainingကိုတက်စေချင် တယ်။ အစ်မရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံ က Miss Myanmar ကိုရွေး ထုတ်ပြီးတော့ Universe ကိုသွင်းချင်တာ။ ၁၉၅၂မှာ ဘွားဘွားဝင်းမင်းသန်းတစ်ယောက် Miss Myanmarအနေနဲ့ နောက်ဆုံးပြိုင်သွားတယ်။ ဒါပေမဲ့ သူမရခဲ့ဘူး။ ဒါပေမဲ့ သူက ဟောလီး ဝုဒ်မှာ နာမည်ကြီးမင်းသမီးဖြစ်သွားတယ်။ ဂျိမ်းစ်ဘွန်း ကားမှာပါတယ်။ မြန်မာနိုင်ငံမှာ ရုပ်ရှင်လာရိုက်သေးတယ်။ဘွားဘွားဝင်းမင်း သန်းက ဟောလီးဝုဒ်မှာ မြန်မာနိုင်ငံရဲ့ ပထမ ဦးဆုံးရုပ်ရှင်မင်းသမီးပဲ။အစ်မ အန်တီဆွေဇင် ထိုက်တို့၊မတင်မိုးလွင်တို့နဲ့ စကားပြောကြည့် မယ်။အစ်မအေဂျင်စီကိုမော်ဒယ်တစ်ယောက် ခေါ်မယ်။ ရှုတင်တွေ ဘယ်လို လုပ်တယ်။Training အနေနဲ့ပေါ့။US အထိတော့ လာ စရာမလိုဘူး။စင်ကာပူအထိပဲလာပြီးမော်ဒယ် တွေဘယ်လိုလုပ်လဲဆိုတာ အတွေ့အကြုံ အနေနဲ့သိအောင်သွားသင်ခိုင်းမှာပါ။

By - Popular Journal

3 comments :

  1. Anonymous said... :

    မြန်မာလူမျိုးမဟုတ်ပါ...
    သတိချပ်စေချင်ပါသည်

  1. Anonymous said... :

    After I read this article, I tried to google "Miss Asia Universe" as I would like to know which organization holds this contest. Surprisingly I could not find any relevant entries in the first few pages of google search results.

    So I decided to check "Miss Chinese International" which she claimed to be a runner-up in 2001 contest. This contest is real and it not only has a general Wikipedia entry but also individual entries for each year (Search using the term "Miss Chinese International Pageant 2001 wiki"). As for 2001 the winner is Bernice Liu and two runner-ups are Jennifer Huang and Vivian Lau form Montreal and Hong Kong, respectively. Moreover, I could not find her name in the list of 20 contestants for 2001 contest. I also could not even find her name as contestants in all other years let alone winners or runner-ups.

    She also claimed that she won "Miss Asia USA" in 2003. Miss Asia USA is also real but the winner for 2003 is Lyn Kim. I could not find her name in winners of all other years, too. (Search using the term “MISS ASIA USA through the years”).

    Finally Ms. Win Min Than was an actress in “The Purple Plain” with Gregory Peck. I do not think she was in any James Bond movies.

  1. Things to be Right said... :

    You are right, Anonymous. Just now I read your comment and searching the movie, THE PURPLE PLAIN in YouTube. It was her, WIN MIN THAN performing in the movie. I think something is wrong with this news, "Miss Asia Universe ထက်အဉ္ဇလီကျော်နှင့် တွေ့ဆုံခြင်း". Thank you Anonymous.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved