NLD ညီလာခံ ကျင်းပရေး ဗဟို ကော်မရှင်

Wednesday, May 9, 2012

NLD က ညီလာခံလုပ်တော့မယ် တဲ့။
ပါတီတခု ညီလာခံလုပ်တာ မထူးဆန်းပါဘူး။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် ညီလာခံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀ ကျော်အတွင်းမှာတော့ ဒီလို ညီလာခံလုပ်မယ်လို့အသံထွက်တာနဲ့ လူဖမ်းပွဲကြီးတွေ ပေါ်လာတော့တာပါပဲ။ အခု လုပ်ဖို့ ပြင်နေတဲ့ NLD ညီလာခံများကိုတော့ ကြံ့ခိုင်ရေးပါတီအစိုးရအာဏာပိုင်များက ပြဿနာ ကြီးကြီးကျယ်ကျယ် ရှာမယ်မဟုတ်ဘူးလို့ ထင်ရပါတယ်။

နိုင်ငံအနှံ့ပြုလုပ်ဖွယ်ရှိတဲ့ ဒီညီလာခံတွေကနေ ကျေးလက်၊ မြို့နယ်၊ ပြည်နယ်တိုင်း နဲ့ ဗဟိုအဆင့် ခေါင်းဆောင်တွေ ရွေးချယ်ကြမယ်လို့ ယူဆရပါတယ်။

ညီလာခံ ကျင်းပရေး အတွက် အဖွဲ့ဝင် ၉ ဦးပါ ဗဟိုအဆင့် ကော်မရှင်တခုဖွဲ့လိုက်တယ် ဆိုတဲ့ NLD ရဲ့ ဒီကနေ့ ကြေညာချက် ဒီမှာ http://2.bp.blogspot.com/--yznEV8yoNY/T6piObPI93I/AAAAAAAANW8/pb8R8zkMXSw/s1600/546562_2695446284275_1800135499_1585657_282930470_n.jpg ဖတ်နိုင်ပါပြီ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved