Rihana ရဲ့ သဘာဝ အလှ၊ ဘ၀ ဓာတ်ပုံတချို့

Thursday, May 3, 2012



အိမ့်သံစဉ် ရေးသားသည်)

မေလ ၁ ရက်နေ့ The Sun အွန်လိုင်းသတင်းစာမှာတော့ သီချင်းချစ်သူတို့ရဲ့ အသည်းစွဲ ကမ္ဘာကျော် အဆိုတော် Rihanna ရဲ့ အကြောင်း ဓာတ်ပုံများနဲ့တကွ တမူထူးပြီးဖော်ပြလာတာတွေ့ရပါတယ်။

ဒီအထဲမှာတော့ ပထမဆုံး Rihanna ရဲ့ မျက်နှာပြောင် အလှနဲ့ ဓာတ်ပုံ ၄ ပုံပါပဲ။ ဘာမှ လိမ်းချယ်ထားခြင်းမရှိတဲ့ သဘာဝ သူ့ မျက်နှာမှာ တောက်ပတဲ့ သူ့အလှတွေက ရှိနေဆဲပါလို့ ဆိုထားပါတယ်။

ကျော်ကြားသူတွေမှာ တခါတရံ သူတို့ရဲ့ ကိုယ်ပိုင်ဘ၀လေးတွေ ပျောက်လွင့်တတ်တယ်ဆိုပေမယ့် အခု Rihanna ကတော့ သူ့ ဘ၀ ကို အပျောက် မခံပါဘူး။

မကြာသေးမီကပဲ TIME မဂ္ဂဇင်းကြီးက နှစ်စဉ် ရွေးချယ်တဲ့ ကမ္ဘာပေါ်က သြဇာတိက္ကမကြီးသူ ၁၀၀ ကို ဂုဏ်ပြုတည်ခင်း ဧည့်ခံပွဲကိုလည်း တက်ရောက်လာခဲ့ပါသေးတယ်။ ဒီလို ဧည့်ခံပွဲကို မိခင်၊ အဖိုးဖြစ်သူတို့နဲ့ အတူ တက်ရောက်လာခဲ့ပါ လို့ Hello Magazine အွန်လိုင်းသတင်းမှာ ဖော်ပြထားတယ်။

အဲဒီပွဲမှာတော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအ၀င် နံမည်ကြီးတော်တော်များများလည်း တက်ရောက်ခဲ့ကြတာပါ။ Rihana ကတော့ အဲဒီ ဧည့်ခံပွဲမှာ သီချင်းဆိုပြီး ဧည့်ခံခဲ့ပါသေးတယ်တဲ့။

TIME မဂ္ဂဇင်းရဲ့ သြဇာ တိက္ကမကြီးသူ ၁၀၀ ဂုဏ်ပြုပွဲတက်လာတဲ့ Rihana နဲ့ မိသားစု ( ဓာတ်ပုံ- hellomagazine.com)

တကယ်တော့ နာမည်ကျော် အဆိုတော် သရုပ်ဆောင် ဖြစ်နေပေမယ့်လည်း သူ့ဘ၀ဟာ အလွန်သနားစရာ ကောင်းပါတယ်။ သူ အသက် ၁၄ နှစ် သမီးမှာ ဖခင်ဖြစ်သူက မိဘ ၂ ပါး က အိမ်ထောင်ပျို ကွဲသွားခဲ့ပါတယ်။ ဒီနောက်ပိုင်း မိခင်နဲ့ အဖိုးဖြစ်သူတို့နဲ့ အတူ ကြီးပြင်းလာခဲ့ရသူ ဖြစ်ကြောင်း တင်ဆက်လိုက်ပါတယ်။

(အပေါ်ဆုံးမှာ တွေ့ရတဲ့ပုံကို ပြီးခဲ့တဲ့လ ၂ ရက်နေ့က ရိုက်ကူးထားတာပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကား Battleship အတွက် ကြော်ငြာတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတာပါ။
ဒီကားက အခု နိုင်ငံတကာမြို့ကြီးတွေမှာ ရုံတင်နေပါပြီ။
စစ်ပွဲ နဲ့ စိတ်ကူးယဉ်သိပ္ပံ ရောထွေးထားတဲ့ ဒီ ဇာတ်ကြမ်းကားမှာ သူက အမေရိကန် ရေတပ် အရာရှိတဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။)

4 comments :

  1. Anonymous said... :

    it's good to see Rhianna photos.
    can appreciate that Irrawaddy try to put ' various tastes ' for the readers. that is good.

    But, where are the followup news about following?

    khin nyunt words of DePeYin Attacking saving?

    Pegu murders by Army to young men in 2010?

    about Zaygabar illegal seize of farmers' lands

    some other follow up news...

    Irrawaddy, you have started those news, and you leave it like that without follow up . That is why Myanmar is commented as hay fire. Just begin, no maintenance, no follow up.
    you have to work to get more credit.
    Just started and then ' never come up' again. you have to finalise it. you have to explain what happen next in due course. to keep the readers informed. Don't just start and ' keep quiet ' or ' not follow up '
    media should work more. don't just wait for coming up news. you have to follow up what you have started. And keep reported if u get it or not. Hence, the called media.

  1. Anonymous said... :

    အိမ်‌ထောင်ပျိုကွဲတယ်လို့ဘဲ..ကြံကံဖန်ဖန်မှားရက်
    ‌လေခြင်း..လူသိများထင်ရှားတဲ့သတင်းဌာနကြီးတခု
    မို့စာလုံး‌ပေါင်းသတ်ပုံဆိုးဆိုးဝါးဝါးမမှား‌စေချင်ပါ...။

  1. die-hard R&B fan said... :

    တစ်ညလုံး နိုက်ကလပ်မှာကဲပြီး မနက်ရောက်တော့ အိပ်မှုန်စုံမွှား ဖြစ်နေတဲ့ သဘာဝအလှ။ ရေးတဲ့သူ - ရီဟန်နာအကြောင်း သေချာသိရင် အကျင့်မကောင်းတဲ့ ခရစ္စဘရောင်းနဲ့ ပြန်တွဲလို့ ပရိတ်သတ်တွေ ရွံနေတဲ့အကြောင်းပါ ထည့်ရေးလိုက်ဦး။

  1. မောင်တောသား said... :

    ကောက်ရိုးမီး ဧရာဝတီ။ နောက်ဆက်တွဲသတင်းတွေ ဘယ်မှာတုန်း။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved