Wall Street ကျောင်းခွဲ ၁ဝ ခု မြန်မာပြည် လာဖွယ်ရှိ

Monday, May 14, 2012

(Wall Street သတင်းစာ မဟုတ်ပါ၊ Wall Street ဘာသာစကား သင်တန်းတွေပါ)

အင်္ဂလိပ်စာသင်တန်းကျောင်းတွေ ဖွင့်နေတဲ့ Wall Street Institute က မြန်မာပြည်မှာလည်း ကျောင်းခွဲတွေ ထားချင်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ တွေ့ရပါတယ်။
http://www.bangkokpost.com/business/economics/288505/english-school-doubling-size

ကျောင်းခွဲ ၁၀ ခု ဖွင့်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုတယ်။ မြန်မာပြည်ထဲဖွင့်မယ်ဆိုတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး သတင်းထဲမှာ မတွေ့ရပါဘူး။

ဘာသာစကားသင်တန်းကျောင်းလုပ်ငန်း လုပ်လာတာ ဆယ်နှစ် ပြည့်တော့မယ့် ဒီအဖွဲ့က ဘန်ကောက်နဲ့ဝန်းကျင်မှာတော့ ကျောင်းခွဲတွေ အများအပြား ဖွင့်ထားတာပါ။

သင်တန်းဆရာ ဆရာမတွေအဖြစ် အနောက်နိုင်ငံသားတွေကို ငှားထားတယ်၊ သင်တန်းတွေကို အခြေခံကနေ အဆင့် ၁၇ ခု အထိ ခွဲထားတယ်၊ တန်းခွဲတခုကို တနှစ်ခွဲ တက်ရမယ်၊ ဈေးကတော့ မသေးပါ၊ အဲဒီတနှစ်ခွဲအတွက် သွင်းရမယ့်ငွေက ဘတ်ခြောက်သောင်း ကနေ တသိန်းအထိ ရှိပါတယ်။ (ဘတ်ခြောက်သောင်းက ဒေါ်လာနှစ်ထောင်နဲ့ ညီမျှပါတယ်)

နောက် ၃ နှစ်မှာ ကျောင်းခွဲပေါင်း ၃ဝ အထိ ရှိနိုင်ဖို့ စီစဉ်နေပါတယ် တဲ့။

ဒီလို ကျောင်းခွဲတွေ ဖွင့်နေရတဲ့ အကြောင်းရင်းတွေထဲမှာ AEC လို့ ခေါ်တဲ့ အာဆီယံ စီးပွားရေး အသိုက်အ၀န်း ပေါ်ပေါက်ခါနီး ထိုင်းတွေ အင်္ဂလိပ်ဘာသာ ပိုပြီး စိတ်ဝင်စားလာကြခြင်း ဆိုတာလည်း ပါဝင်နေပါတယ် တဲ့။

အာဆီယံ ဆယ်နိုင်ငံဘုံဈေးကွက် တည်ထောင်ချိန် ၂၀၁၅ ရောက်ရင် ဗီယက်နမ်မှာလည်း ကျောင်းခွဲ ၅ ခုတော့ သွားဖွင့်မယ်လို့ ဆိုတယ်။

ဒါကတော့ ဘန်ကောက်ပို့စ်မှာ ဖတ်လိုက်ရတဲ့ အာဆီယံဘုံဈေးကွက်ကို ပစ်မှတ်ထားကြတဲ့ ဘာသာစကားသင်တန်းကျောင်း စီးပွားရေးလုပ်ငန်းသတင်းတပုဒ် ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved