2012 MTV ဆုတွေ ပေးပြီ

Thursday, June 7, 2012




ဇွန်လ ၃ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ယူနီဗာဆယ်စီးတီးရှိ ဂစ်ဘ်ဆင်အမ်ဖစ် ကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ၂၀၁၂ MTV ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆုကို The Twilight Saga Breaking Dawn Part 1 ဇာတ်ကားက ရသွားပါတယ်။



အကောင်းဆုံး သရုပ်ဆောင် အမျိုးသား၊ အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ The Hunger Games ဇာတ်ကားမှ မင်းသား Josh Hutcherson နဲ့ မင်းသမီး Jennifer Lawrence တို့က ဆွတ်ခူးသွားခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ အကောင်းဆုံး တိုက်ရည်ခိုက်ရည်ဆုလည်း ရခဲ့ပါသေးတယ်။ The Hunger Games ဇာတ်ကားက ဒီ ၁ နှစ်တာအတွက် ဆု ၄ မျိုးရရှိ သွား ပါတယ်။



Harry Potter and Deathly Hallows part 2 ဇာတ်ကားမှ မင်းသား ဒန်နီရယ်က အကောင်းဆုံး သူရဲကောင်းဆုံးဆုကို ဆွတ်ခူးရရှိပြီး ၄င်းဇာတ်ကားမှဘဲ အမ်မာဝက်ဆန်း၊ ရုးပတ်ဂရင့်၊ တွမ်ဖိလ်တန်တို့က အကောင်းဆုံး သရုပ်ဆောင်မှုများ ကိုအသီးသီးရရှိသွားခဲ့ပါတယ်။

Generation ဆုကိုတော့ မင်းသား Jonny Depp က ရရှိပါတယ်။



အကောင်းဆုံး အနမ်းပေးဆုကို ရရှိသွားတာကတော့ The Twilight Saga Breaking Dawn Part 1 ဇာတ်ကားမှ သရုပ်ဆောင် မင်းသား ရော်ဘတ်ပတ်တင်ဆန်နှင့် မင်းသမီး ခရစ္စတင်းစတီးဝပ်တို့ က ရရှိသွားခဲ့ပါတယ်။



အကောင်းဆုံးတေးဂီတဆုကိုတော့ LMFAO ဂီတအဖွဲ့ ရဲ့ Party Rock Anthem တေးသီချင်းဖြင့်ဂီတဆု အသီးသီးကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။ ထိုဆုပေးပွဲ အခမ်းနားတွင် နာမည်ကြီး တေးဂီတ အဖွဲ့ နှင်ဂီတ အဆိုတော်များက ဖျော်ဖြေ တင်ဆက်သွားကြပါတယ်။

ဆုစာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
The winners of the 2012 MTV Movie Awards are as follows:
Movie of the Year - The Twilight Saga: Breaking Dawn - Part 1
Best Male Performance - Josh Hutcherson (The Hunger Games)
Best Female Performance - Jennifer Lawrence (The Hunger Games)
Breakthrough Performance - Shailene Woodley (The Descendants)
Best Cast - Harry Potter and the Deathly Hallows: Part 2
Best On-Screen Transformation - Elizabeth Banks (The Hunger Games)
Best Fight - Jennifer Lawrence and Josh Hutcherson vs. Alexander Ludwig (The Hunger Games)
Best Hero - Daniel Radcliffe (Harry Potter and the Deathly Hallows: Part 2)
Best Kiss - Robert Pattinson and Kristen Stewart (The Twilight Saga: Breaking Dawn - Part 1)
Best On-Screen Dirtbag - Jennifer Aniston (Horrible Bosses)
Trailblazer Award - Emma Stone
Generation Award - Johnny Depp.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved