ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ကို ချောမောစွာ ပြန်ရောက်ပြီ

Sunday, June 3, 2012

ဓာတ်ပုံ- Popular Myanmar News Journal

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နံနက် ၉ နာရီ မထိုးမီမှာပဲ ထိုင်း TG လေကြောင်းလိုင်း လေယာဉ်နဲ့ ရန်ကုန်မြို့ကို ချောမောစွာ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်ဖို့ ဖိတ်ကြားခဲ့ရ တဲ့အတွက် ၄ ရက်တာ ထိုင်းခရီးစဉ်ကို နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံ ပြည်ပခရီးထွက်ခဲ့တာပါ။

ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ကိစ္စများကို ထိုင်းအစိုးရ တာဝန်ရှိသူများနဲ့ အလေးထားဆွေးနွေးခဲ့ပါတယ်။

အထူးသဖြင့်တော့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ မြန်မာ ဒုက္ခသည်များအရေးတွေပါဘဲ။ မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း-မြန်မာ နယ်စပ်က လူဦးရေး ၅ သောင်းဝန်းကျင်ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါသေးတယ်။

အဲဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းတဲ့ပစ္စည်းတွေကိုလည်း ဒုက္ခသည် စခန်းက တာဝန်ရှိသူ တချို့ကတဆင့် ပေးအပ်ခဲ့ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved