မောင်းတော ကိစ္စ နောက်ဆုံးရ သတင်း

Saturday, June 9, 2012


ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းဖြစ်ပွားမှုများနှင့်ပတ်သက်၍ ယနေ့တွင် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားမည်ဟု သိရသည်။

အကြမ်းဖက်မှုများကြောင့် မတည်မငြိမ်ဖြစ်နေသော မောင်တောမြို့တွင် မြို့ခံ ရခိုင်များအပါအဝင် တခြား တိုင်းရင်းသားများနှင့်အတူ အစိုးရရုံးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ NGO အဖွဲ့များ သည် မောင်တောမြို့ပေါ် ရှိ ဗဟိုကျောင်းနှင့် တခြားဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေ ရကြောင်း၊ မြန်မာ အစိုးရက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးနေသော်လည်း မောင်တောမြို့၏ မြို့စွန်နေရာများတွင် နေထိုင်သော အနည်းစု မြန်မာတိုင်းရင်းသားများမှာလည်း လုံခြုံရေးစိုးရိမ်နေရကြောင်း သိရှိရသည်။

3 comments :

  1. Anonymous said... :

    တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ကောင်းမကောင်းတော့မသိဘူး
    ဒီပြည်မှာမွေး ဒီပြည်မှာကြီးလာတဲ့ တိုင်းရင်းသားတွေ ကိုယ့်တိုင်းပြည်ထဲ ကိုယ်နေတာတောင် ဒုက္ခသည်တွေလို ဟိုပြေးဒီပြေး စိုးရိမ်သောကတွေနဲ့ ကောင်းကောင်းမအိပ်ရတဲ့ ဘဝရောက်နေကြရပြီ

  1. အဂ္ဂမဟာသရေစည်သူမင်းကြီး ဂန်းနား said... :

    ဒီလိုနေရာမျိုးကျတော့ အရေးအကြောင်းဆို မင်းတို့ စစ်တပ်က ချောင်ကောင်းကောင်းမှာ သွားတိုးနေတယ်။ ကိုယ့်လူမျိုးချင်း နှိပ်ကွပ်ဖို့ ဆိုရင်တော့ မင်းတို့ ရှေ့ ဆုံးကပဲ။

  1. Anonymous said... :

    မောင်တောအရေးမှာ နှာစီးချောင်းဆိုးနေတဲ့ မီဒီယာတွေ၊ အစိုးရလုပ်သမျှ ဘုဂလန့်ခံရမယ်လို့ ယူဆထားတဲ့ မီဒီယာတွေ၊ နိုင်ငံရေးပါတီတွေ... အစိုးရ မှားတုန်းက မှားတယ် ပြောရဲခဲ့ကြသလို မှန်တာကိုလည်း မှန်တယ်လို့ ရဲရဲကြီး ထောက်ခံဖို့လိုပါတယ်။ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာဝင်တွေအပေါ် အမြဲကျူးကျော် ထိပါးနေတဲ့ တမီးလ်တွေကို အစိုးရက အမြစ်ပြတ် ရှင်းလင်းစဉ်တုန်းက သီရိလင်္ကာ မီဒီယာတွေရဲ့ အသံဟာ တစ်ညီတည်း ထွက်ခဲ့ကြပါတယ်။ အဲဒီကိစ္စကြောင့် အင်အားကြီး နိုင်ငံတစ်ချို့က သီရိလင်္ကာအစိုးရကို ပြစ်တင်ရှုတ်ချတာမျိုးတွေ၊ ပိတ်ဆို့အရေးယူတာမျိုးတွေ လုပ်လာတဲ့အခါ သီရိလင်္ကာ တစ်နိုင်ငံလုံး၊ ပါတီအစုံ၊ မီဒီယာအစုံ၊ ကိုယ့်အစိုးရဘက်က ရပ်တည်ခဲ့ကြပါတယ်။ မြန်မာပြည်တွင်းက အတိုက်အခံပါတီတွေ၊ မီဒီယာတွေ အများကြီး စဉ်းစားသင့်ကြပါပြီ။ လူ့အခွင့်အရေးဆိုတဲ့စကားကို ကိုယ့်နှမနဲ့လဲပြီး ကာကွယ်စောင့်ရှောက်စရာတော့ မလိုလောက်ဘူး ထင်ပါတယ်။

    Irrawaddy Media, you should care of above words.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved