ကျမသားတွေက ပိုပြီး ခံစားရသူတွေပါ - ဒေါ်အောင်ဆန်းစုကြည်

Wednesday, June 20, 2012

~



မိသားစုကို ခွဲခွာပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် စွန့်စားမှုပါပဲ။
ဒါပေမယ့် သူ့သား နှစ်ယောက်ရဲ့ စွန့်လွှတ် အနစ်နာခံမှုက သူ့ထက် ပိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နှစ်ပေါင်းများစွာ ခွဲခွာနေထိုင်ကြရတဲ့အတွက် သား နှစ်ယောက် နဲ့ ခင်ပွန်းသည် မိုက်ကယ်အဲရစ်က ပိုပြီး ခံစားရသူတွေပါလို့ ဆိုပါတယ်။

"ကျမသားတွေနဲ့ ခင်ပွန်းသည်တွေက စွန့်လွှတ်အနစ်နာခံရသူတွေပါ၊ အထူးသဖြင့် ကျမရဲ့ သားတွေပေါ့လေ။ ဘာကြောင့်လဲ ဆိုတော့ ကလေးတွေက အဲဒီတုန်းက အသက် အရမ်း ငယ်ကြပါသေးတယ်"
လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကလေးတွေနား မိဘနှစ်ပါးလုံး မရှိခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ် တဲ့။

မူရင်း သတင်း ကို www.irrawaddy.org/archives/7329 မှာ ဖတ်နိုင်ပါပြီ။


~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved