အိုးစည်ဒိုးပတ်ဝိုင်း

“ကမ္ဘာကြီးအစိတ်အပိုင်း နေရာတိုင်းမှာ ဒုက္ခသည်တွေရှိနေတယ်။ မကြာသေးခင်က ထိုင်းမှာရှိတဲ့ မယ်လဒုက္ခသည်စခန်းရောက်တော့ ကြမ်းတမ်းတဲ့ဘဝတွေကို ကြံ့ကြံ့ခံနေကြသူတွေနဲ့
ကျမ တွေ့ခဲ့ရတယ်။ အလှူရှင်တွေ စိတ်ပမ်းလာမှုကို သူတို့ စိုးရိမ်ကြတယ်။ အလှူရှင်တွေ စိတ်ပမ်းလာမှုကို ဘာသာပြန်ရင် ကရုဏာစိတ် ခမ်းခြောက်လာမှုပေါ့" လို့ပြောကြားခဲ့သလို "သူတို့ရဲ့ ဒုက္ခကို မျက်ကွယ်ပြုလိုက်လို့ ရလာမယ့် အကျိုးရလဒ်ထက် သူတို့လိုအင်တွေ ဖြည့်ပေးဖို့ကုန်ကျစရိတ်က ပိုကြီးလို့များလား" လို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။

ဒုက္ခသည်တွေ၊ ယုံကြည်ချက်ကြောင့် အထိန်းသိမ်းခံနေရသူတွေအကြောင်းကိုလည်း သူက မမေ့မလျော့ ဖော်ပြခဲ့ပါတယ်။
ယုံကြည်ချက်ကြောင့် ထောင်ကျနေသူ တယောက် ရှိနေတယ် ဆိုရင်တောင် ဒီအရေအတွက်က အတော်များနေပြီ လို့ သူက ဆိုပါတယ်။
မြန်မာပြည်မှာ ဒီလို အထိန်းသိမ်းခံနေရသူ တဦးထက်မက ရှိနေသေးတယ် ဆိုတာကိုလည်း သူက အသိပေးလိုက်ပါတယ်။ သူတို့လွတ်မြောက်ရေးအတွက်ကို ဆောင်ရွက်ပေးကြဖို့လည်း ကမ္ဘာကျော် အကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်က တခုတ်တရ တိုက်တွန်းလိုက်တာကို မိန့်ခွန်းထဲမှာ ကြားလိုက်ကြရမှာပါ။

အခမ်းအနားတက်ရောက်လာသူများကလည်း သူ့ကို လှိုက်လှိုက်လှဲလှဲ သြဘာပေးခဲ့ကြပါတယ်။

သူ့ကိုစောင့်ကြိုနေတဲ့ နော်ဝေရောက် မြန်မာပြည်သားများ၊ ကမ္ဘာအရပ်ရပ်က မြန်မာပြည်သားများအတွက်လည်း ဂုဏ်ယူစရာ၊ အမှတ်ရစရာ ခရီးစဉ် ဖြစ်နေမှာ အသေအချာပါပဲ။ ။
0 comments :
Post a Comment