အမျိုးသားခေါင်းဆောင်ကြီး)

Thursday, June 28, 2012

~




ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် နဲ့ ဗီယက်နမ် သမ္မတ မစ္စတာကူအုံးသန်စန်း တို့ ဇွန် ၂၂ ရက်နေ့က ဟနွိုင်းမြို့မှာ တွေ့ကြပါတယ်။

သူတို့ ၂ ယောက် အပြန်အလှန် ပြောဆိုမှုတွေထဲက ကောက်နုတ်ချက်တခုက ဒီလိုပါ -

ဦးခင်အောင်မြင့် - အဆွေတော်ရေ ... ကျုပ်တို့ နောက်ကျောက အရုပ်ကြီးက ဘာကြီးတုန်းဗျ။ ဒီပုံက ဗီယက်နမ်ပိုက်ဆံ တွေမှာလည်း တွေ့ရတဲ့ပုံ မဟုတ်လား။

ဗီယက်နမ် သမ္မတ - အဲဒါ ဦးလေးဟို ပေါ့ဗျာ။ ကျုပ်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးပေါ့။ အဆွေတော်တို့ မြန်မာငွေစက္ကူတွေမှာရော ဘာပုံ ရှိသလဲ။

ဦးခင်အောင်မြင့် - ကျုပ်တို့ ပိုက်ဆံတွေကတော့ ခြင်္သေ့ပုံတွေနဲ့ အင်မတန် ခန့်ငြားလှပါတယ်။ လာလတ္တံ့သော ပိုက်ဆံတွေမှာတော့ ဆင်ဖြူတော်ပုံတွေ ထည့်သွင်းဖို့ အိုင်ဒီယာ ရှိထားပါတယ်။



~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved