ရခိုင်ဒေသကို ဗိုလ်ချုပ်ခင်ညွန့် ၁၀ သိန်း လှူ

Thursday, June 14, 2012



သန့်စင်ငြိမ်းချမ်း

ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ယနေ့ ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးခင်ညွှန့်နှင့် မိသားစုက ဒုက္ခသည်များအတွက် အလှူခံဌာနဖွင့်ထားသည့် ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်း ဆရာတော်ထံ သွားရောက် လှူဒါန်းသည်ဟု သိရသည်။

လကုန်ပိုင်းက စတင်ခဲ့သည့် ပဋိပက္ခကြောင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေ တမြို့တည်းမှာပင် စခန်းပေါင်း ၄၅ ခု အထိ ရှိနေပြီး ဒုက္ခသည် ၃၀,၀၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။

5 comments :

  1. Anonymous said... :

    snake snake see the leg. [ မြွေမြွေချင်း ခြေမြင်]မို့လို့ ခုလိုလည်းလှူပါ ။ အရင်လှမ်းခဲ့ဘူးတဲ့ခြေလှမ်းအရ ဒီဖြစ်ရပ်မှာ ဘာလုပ်တာကောင်းမလဲလို့ အကြံဥာဏ်ပြုပါ ဦးခင်ညွန့် ။

  1. အော် လူ့ဘ၀ တရားကျစရာကောင်းလိုက်တာ။ တချိန်တုန်းကတော့ သိန်းပေါင်းသောင်းချီ လှူချင်ရင်လဲ ပစ်ခနဲ နိုင်ငံငွေတွေသုံးပြီး လှူလို့ရခဲ့တာ၊ အခုတော့ ကိုယ်ပိုင်ငွေလေးနှင့် ၁၀ သိန်းဘဲ လှူနိုင်တော့တယ်။ ဘာဖြစ်ဖြစ် သာဓု-သာဓု-သာဓုပါခင်ဗျာ။ အခု အလှူက ပို မြင့်မြတ်ပါတယ်ဗျာ

  1. Anonymous said... :

    ဘာလုပ်လုပ်အကောင်းမပြောနိုင်ပေမဲ့ ရပါတယ်မိမိဘာလုပ်နိုင်ပြီလဲ ဒီဒုက္ခသည်တွေအတွက် အရင် ပြန်သုံးသပ်ကြပါဦး။

  1. Anonymous said... :

    လုံးဝသာဓုမခေါ်နိုင်ပါ

  1. အေတူကန် said... :

    သူကြီးဘုရား ရွာသားကောင်းမှု

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved