သုံးလေးနှစ် အရွယ်ကတည်းက သီချင်းဆိုခဲ့တဲ့ (ဝိုင်းစုခိုင်သိန်း)

Friday, June 1, 2012



သုံးလေးနှစ် အရွယ်ကတည်းက လက်ကိုင်ပပါကို ခေါက်ပြီး ခုံပေါ်တက် သီချင်းဆိုခဲ့တယ် (ဝိုင်းစုခိုင်သိန်း)


လူတိုင်းမှာ ပထမဆုံး ဆိုတာတွေတော့ ရှိတယ်လို့ ထင်မိပါတယ်။ အဲဒီလိုပဲ အခုလက်ရှိ ပရိသတ် စိတ်ဝင်စားခြင်း ခံနေရတဲ့ အနုပညာရှင်တွေကလည်း ငယ်စဉ်ဘဝမှာ ပထမဆုံး စိတ်ဝင်စားပြီး လှုပ်ရှားခဲ့တဲ့ အနုပညာ လုပ်ငန်းတွေလည်း ရှိတယ်ထင်မိပါတယ်။

အဲဒီအတွက်ကြောင့် 8 DAYS ပရိသတ်ကြီးအတွက် ဒီတစ်ပတ်မှာတော့ အဆိုတော်၊ သရုပ်ဆောင် လုပ်ငန်းတွေနဲ့ နာမည်ရလာတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ ပထမဆုံး အနုပညာလုပ်ငန်းက ဘာတွေများ ဖြစ်မလဲဆိုတာကို တင်ဆက်လိုက်ပါတယ်။ ပထမဆုံး လုပ်ဖြစ်ခဲ့တဲ့ အနုပညာ အလုပ်ဆိုရင် ငယ်ငယ်တုန်းကတော့ ကျောင်းကပွဲတွေမှာ သီချင်းတွေဆိုတယ်။

အိမ်မှာတော့ အမြဲတမ်း သီချင်းဆိုတယ်။ မိုက်ကိုင်ပြီးတော့လေ။ စပြီး လူမှန်းသိတတ်စ စကား ပြောတတ်ကတည်းကလို့ ပြောရမယ်။ သုံးလေးနှစ်လောက် ကတည်းကလေ။ အဲဒီတုန်းက တစ်ရှူးတွေ မပေါ်သေးဘူး။

လက်ကိုင်ပုဝါကိုခေါက် ခုံပေါ်ကိုတက်ပြီး သီချင်းဆိုတော့တာ။ အိမ်မှာ ဖွင့်သမျှကို လိုက်ဆိုတာ။ မာမာအေး သီချင်းဆိုလည်း ဆိုတာပဲ။

ဗဒင်သီချင်းလည်း မလွတ်ဘူး။ အမေ့ကိုလည်း ပူဆာသေးတယ်။ အခွေထဲမှာ သီချင်းဆိုချင်တယ် ဆိုပြီးလေ။ လမ်းဘေးဆိုင်က ကုလားသီချင်း ဖွင့်ရင်လည်း ကတာပဲ။ သရုပ်ဆောင်လုပ်ဖို့က အရင်ကတည်းက စိတ်ကူးမရှိဘူး။ ငယ်ငယ်တုန်းကတော့ ဂီတကို အရမ်း ဝါသနာပါတယ်။

သီချင်းတွေကို အရမ်း နားထောင်တယ်။ အဆိုတော်ရဲ့ အသံနေ အသံထားအတိုင်းကို လိုက်ဆိုတတ်တာ။ အသံစစ်ဆိုလည်း စစ်လိုက်တာပဲ။ကျောင်းပွဲတွေမှာ ဆိုရင်လည်း လိုက်ဆိုတယ်။ ဝိုင်းစု ငယ်ငယ်တုန်းက ဆိုခဲ့တဲ့ သီချင်းက မှားပြန်တယ်ဆိုတဲ့ သီချင်း တင်ဇာမော်ကို အရမ်းကြိုက်တာ။

ကိုယ်က သီချင်းတွေကို ပြန်ဆိုမယ်ဆိုရင် လူအရမ်းကြီး သိပ်မသိသေးတဲ့ သီချင်းမျိုးကိုပဲ ပြန်ဆိုချင်တယ်။ အရမ်း နာမည်ကြီးပြီးသား သီချင်းက တာဝန် ပိုကြီးတယ်လေ။ အဓိကအားဖြင့်တော့ သီချင်းအသစ်တွေ ဆိုရတာ ပိုကြိုက်တယ်။ သရုပ်ဆောင် အလုပ်ကိုလုပ်တဲ့ အတွက် အဆိုတော် ဖြစ်ဖို့ ပိုနီးစပ်သွားတယ်လို့ ပြောရမယ်။

စထွက်တဲ့ အချိန်မှာလည်း ကိုယ့်ကို သိပြီးသားဆိုတော့ သိပ်ခက်ခက်ခဲခဲ မဖြစ်တော့ဘူး။ အစောကြီး ကတည်းက ဂီတကို ရူးသွပ်တဲ့ အတွက် ကိုယ့်မှတ်တိုင် တစ်ခုအနေနဲ့ လုပ်တာပါ။

May 31, 2012
ကလောင်- ခင်ယွန်းစံ
8 Days Journal

3 comments :

  1. Anonymous said... :

    ကလေးတိုင်းသီချင်းဆိုတယ်....၁နှစ်ခွဲပဲရှိသေးတယ်..ဖွင့်ပေးနေကျသီချင်းတောင် မဖွင့်မချင်းအမူအရာနဲ့ပြတတ်သေးတယ်
    YouTube မှာကြည့် မမြင်ဘူးရင်...အဆန်းလုပ်လို့ဗျာ

  1. Anonymous said... :

    ဒါများအဆန်းလုပ်လို.၆လသမီးလေးကိုသီချင်းဖွင်.ပေးတော.လက်ကလေးလှုပ်ပြီးကတာလေ မြင်ဘူးရဲ.လား သူ.ရဲ.ပါဖော.မန်.တွေက မက်ဒေါ်နာကိုအတုခိုးပြီးလုပ်နေတာ အထင်ကြီးစရာတကွက်မှမရှိ ဖွတ်ဖါးပါ

  1. အေတူကန် said... :

    လိပ်ခေါင်းထွက်အောင်ဆိုလည်း ကော်ပီကို နို့ သက်ခံ စို့ နေသ၍ နိုင်ငံတကာ အဆင့်ကို မီဖို့ ဝေးလို့ အာစီယံအဆင့်တောင် မီမှာ မဟုတ်ဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved