အဓမ္မပြုကျင့်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၏ ဇစ်မြစ်

Thursday, June 7, 2012

ထူးဒီဇင်ဘာ

ရမ်းဗြဲမှာ မတရားပြုကျင့်ခံရပြီး အသက်ဆုံးရှုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် မသီတာထွေးအကြောင်း ကြားရတာ အတော့်ကို စိတ်မကောင်းဖြစ်မိပါ တယ်။ ဒါဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေ လုံ ခြုံမှုမရှိဘူးဆိုတာ နောက်ထပ်သက်သေတခုပါပဲ။

ကျမအနေနဲ့  မသီတာထွေးအပေါ် မိန်းကလေးချင်း ကိုယ်ချင်းစာမိတယ်။ တော်တော်လည်း ၀မ်းနည်းသလို မတရားပြုကျင့်တဲ့လူတွေကိုလည်း ဒေါသ ဖြစ်မိတယ်။ သတင်းတွေဖတ်ရတာ စိတ်ထဲ အသက်ရှု ကြပ် လှတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယောင်္ကျားတချို့ တုန့်ပြန်ပြောဆိုနေတဲ့ မတော်တရော် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စကားလုံးတွေကို တွေ့ ရပြန်တော့ စိတ်မချမ်းသာလှဘူး။

မဆိုင်တဲ့ လူ ၃ ယောက် ဓာတ်ပုံ တင်ပြီး ၀ါဒဖြန့် တဲ့ ပိုစ့်တွေ အပေါ် မြန်မာပြည်သူတွေ သေချာမစဉ်းစားပဲ ၀ိုင်းဆဲကြတာတွေ့ တော့ သူများ မြောက်ပေးတိုင်း မလုပ်သင့်တာ လုပ်မိကြမှာလည်း စိုးတယ်။ ဒါကြောင့် အမျိုးသမီး တယောက်အ နေနဲ့  အမျိုးသမီးအခွင့်အရေး ရှုထောင့်ကနေ ဆွေးနွေးလိုတယ်။ ကျမကို မုန်းချင် တယ်ဆိုရင်မုန်းနိုင်တယ်။ ဒါပေမဲ့ ကျမ ပြောမဲ့ အမြင်ဟာ အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးတွေရဲ့ အမှန်တရား ပါပဲ။


ဖေ့စ်ဘွတ်ကော်မန့် တွေမှာ မပြစ်မရှိတဲ့လူတွေကို အထင်မမြင်မလွဲမှားအောင် ၀င်ပြောပေးတဲ့လူတွေကို ဘင်္ဂလီတွေထိလို့  နာတာလားဆိုပြီးပြောတာတွေ့ တော့ အနာတခြား ဆေးတခြားဖြစ်မှာစိုးတဲ့အတွက် ဒီ ဆောင်းပါး ရေးရခြင်းပါ။ ကျမကိုယ်တိုင်လည်း ဗမာနဲ့ တိုင်းရင်းသားစပ်တဲ့အတွက် တရားမ၀င် ဘင်္ဂလီ တွေ မြန်မာပြည်ထဲခိုးဝင်တာကို ဆန့် ကျင်ပါတယ်။ ဒါပေမဲ့ စွပ်စွဲခံရတဲ့ လူ ၃ ယောက်ကြောင့် မပြစ်မရှိတဲ့ လူတွေနဲ့ သူတို့ ဘာသာကိုပါ ခါးသီးစွာ ဆဲဆိုတာတွေအတွက် ရင်လေးလှပါတယ်။


အမျိုးသမီးအခွင့်အရေးရှုထောင့်က ကြည့်တော့ အခုဖြစ်တဲ့ကိစ္စတွေမှာ ပြောနေကြတာဟာ အခြေခံပြဿ နာဖြစ်တဲ့ အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု၊ အမျိုးသမီးတွေကို အမျိုးသားတွေက အနှိမ်ကျင့်ချင်တိုင်း ကျင့်နေတဲ့အကြမ်းဖက်မှုဆိုတာ လုံးဝပျောက် သွားပြီး နိုင်ငံရေးတို့ ၊ စစ်ရေးတို့ ၊ ခုမသီတာထွေးအမှုမှာဆိုရင် လူမျိုးရေး ဘာသာရေးပြသနာလိုဖြစ်သွားတယ်။ အမှန်က အမျိုးသမီးတွေကို အမျိုး သားတွက အနိုင်ကျင့် တဲ့ ပြဿနာပါ။ ပြဿနာ အရင်းအမြစ်က Gender problem ဖြစ်တယ်။


ဘာကြောင့် ဒီလိုပြောတာလဲမေးရင် နစ်နာတဲ့လူတွေကိုကြည့်ပါ။ အမျိုးသား ယောင်္ကျားတွေ ကျူးလွန်တာခံရတဲ့ အမျိုးသမီးချည်းရယ်။ ဥပမာ

- အခုနောက်ဆုံး ကချင်ပြည်မှာဖြစ်သွားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ကချင်အမျိုးသမီးတွေကို ဗမာစစ်သားတွေက အုပ်စုလိုက် မုဒိန်းကျင့်တဲ့ ကိစ္စ (ရည်ညွန်းမှာကြည့်ပါ) ။

- မတရားပြုကျင့်ခံရတဲ့ ရှမ်းအမျိုးအမီး ၁၇၃ ယောက်အကြောင်း License to Rape အစီရင်ခံစာ (ရည်ညွန်း)

- ကရင်အမျိုးသမီးတွေ မတရားပြုကျင့်ခံရတဲ့အကြောင်း Shattering the Silence အစီရင်ခံစာ (ရည်ညွန်း)

- ၂၀၁၀ တုန်းက မတရားကျင့်ခံရတဲ့ ၁၈ နှစ်အရွယ် ရိုဟင်ဂျာ ကောင်မလေး အမှု (ရည်ညွန်း)

- မွန်ပြည်နယ်မှ ၈ တန်းကျောင်းသူအမှု (ရည်ညွန်း)

- ဗမာအမျိုးသမီးတွေလည်း အန္ထရယ်မကင်းပါဘူး (ရည်ညွန်း၊ ချောက်သတင်း)


ဒီအမှုတွေသာ Gender အမှုမဟုတ်ဘဲ နိုင်ငံရေး စစ်ရေး လူမျိုးရေးချည်းဆို ဘာဖြစ်လို့  ဗမာအမျိုးသမီးတွေက တိုင်းရင်းသားအမျိုးသမီးတွေကို နှိပ်စက်တာမဟုတ်လဲ။ အဲ့ဒီလိုပဲ ယောင်္ကျားအချင်းချင်း လိင်ပိုင်း ဆိုင် ရာ စော်ကား တာမဟုတ်ဘဲ တဖက်ကယောင်္ကျားတွေက တခြားဖက်က အမျိုး သမီးတွေကို ဘာကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရတာလဲ။

နိုင်ငံရေး လူမျိုးရေးပါတယ်ဆိုပေမဲ့ အဓိကက ယောင်္ကျားတွေက အားသာတိုင်း အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ပြဿနာပါ။

တိုတိုတုတ်တုတ်ပြောရရင် ယောင်္ကျားတွေက အမျိုးသမီးတွေကို နှိမ်ထက်စီးနှင်းလုပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါပဲ။ Gender-based Violence သို့ မဟုတ် Sexual Violence ဖြစ်တယ်။

ဒါပေမဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး လူမျိုးရေး အကြောင်းပြချက်တွေဆွဲထည့်လိုက်တော့ ပြဿနာရဲ့  အမှန်တကယ်အရင်းအမြစ်ဖြစ်တဲ့ Gender-based violence ဆိုတာ မှေးမှိန် ပျောက်သွားရော။ ယောင်္ကျားတွေ ရဲ့  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ညင်ဆိုးကိုလည်း သတိပြုဖြေရှင်းရကောင်းမှန်း အလေးမထားမိတော့ဘူး။ ဒါအရေးကြီးတဲ့ အချက်ပါ။

ခု ဖေ့စ်ဘွတ်မှာရေးနေကြတဲ့ ကော်မန့် တွေကို သေချာသတိထားဖတ်ကြည့်ပါ။ ယောင်္ကျားတွေက လိင်စကားလုံးရင့်ရင့်သီးသီးတွေသုံးပြီး အကြမ်း ဖက် စကားလုံးတွေပြောနေလိုက်ကြတာ။ စကားလုံးကို သည်းခံပါ၊ မပြောမပြီး မတီးမမြည်မလို့ ပြောရမှာပါ။

ဟိုဟာလုပ်သတ်မယ်ဆိုပြီးတနည်း၊ တ -ီး -ီး တ -ိုး -ိုး တသွင် တွင်တွင်ကြီးဆဲ နေလိုက်ကြတာ။ အဲ့ဒီ အပြင် မြန်မာအသံလွင့်ဌာနတစ်ခုက အမျိုးသမီးငယ်တယောက်ကိုလည်း တလောတုန်းက မဟုတ်က ဟုတ်ကပုံဆွဲလိုဆွဲ၊ သားမယားစကားလုံးတွေနဲ့ တဖုန် ဆဲဆိုကြတာ မဖတ်ရဲ မကြည့်ရဲလောက်အောင်ပါပဲ။ ကျမ ရိုဟင်ဂျာကို ဆန့် ကျင်ပေမဲ့ သတင်းထာက်အမျိုးသမီးကို နှမချင်းမစာ သားမယား စကားလုံးတွေနဲ့ ဆဲဆို တာ ကိုတော့ အမျိုးသမီးချင်း စာနာမိတယ်။

ရှိပါသေးတယ် မြန်မာသတင်းဌာနတွေကို မိန်းကလေးလို ကာတွန်းဆွဲထားပြီး ရိုဟင်ဂျာကုလားတယောက်က သားမယားပြုကျင့်နေတဲ့ ပုံတွေကြောင့် ဖေ့စ်ဘွတ် မတက်ရဲလောက်အောင် ဖြစ်မိပါတယ်။

အဲ့ဒီစိတ်ဓာတ် အဲ့ဒီအပြောအဆို အဲ့ဒီအမူအကျင့်တွေဟာ ယောင်္ကျားတွေက အမျိုးသမီးတွေအပေါ် ထစ်ခနဲဆို လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်၊ ငါတို့ အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ စိတ်ဓာတ်၊ အမျိုးသမီးတွေ ကို သူတို့ အတွက် လိင်ပစ္စည်း (Sexual Object) အနေနဲ့ သာ သဘောထားတဲ့ စိတ်ဓာတ်တွေ ဟာ Gender-based violence ရဲ့  လက္ခဏာတွေပါပဲ။ ခုဖေ့စ်ဘွတ်မှာ အဲ့ဒီလို ဆဲဆိုကြိမ်းမောင်းနေ တဲ့ မြန်မာယောင်္ကျားတွေရာပေါင်းများစွာတွေ့ ရတော့ ကျမတို့ မြန်မာပြည် မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိုနှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်နဲ့ ဖြစ်စေ လူသိရှင်ကြား မရှက်မကြောက် ကျူးလွန်ဖို့  ၀န်မလေးတဲ့ ယောင်္ကျား သားတွေ အရမ်းကာရော များနေပါလားဆိုပြီး ရှက်ရမှာလား စိုးရိမ်ရမှာလားတောင် မသိတော့သလို ခံစားရ တယ်။

ဖေ့ဘွတ်မှာပြောနေတဲ့ ဘင်္ဂလီကုလားတွေက မြန်မာအမျိုးသမီးတွေကို စော်ကားတယ်ဆိုတဲ့ ဖီလင်ကို ဗမာနဲ့ တိုင်းရင်းသားစပ်တဲ့ ကျမ ကောင်း ကောင်းနားလည် ခံစား သဘောပေါက်ပါတယ်။

ဒါပေမဲ့ လူမဆန်တဲ့ ဒုစရိုက်မှုကျူးလွန်တဲ့ လူ ၃ ယောက်ကြောင့်ဆိုပြီး ကျန်တဲ့ ယောင်္ကျားတွေ Gender-based violence စကားပြောတာ၊ တခြား ကိုယ်ထိလက်ရောက်ဖြစ်မဲ့ကိစ္စတွေကို ကျမအပါအ၀င် ဘယ်အမျိုးသမီးကမှ မလိုလားပါဘူး။ မယုံ ရင် မိခင်တွေကိုမေးကြည့်ပါ။ အများစုက စိတ်အေးအေးထားပြီးဖြေရှင်းဖို့ ၊ ခိုက်ရန်ဖြစ်ပွား တာမလုပ်ဖို့ ပဲ ပြောပါလိမ့်မယ်။ ဒါ အမျိုးသမီးအများစု၊ မိခင် အများစုရဲ့  ငြိမ်းချမ်းရေး စိတ်ဓာတ်ပါ။

ဒါကြောင့် ဒီ ယောင်္ကျားတွေကျူးလွန်တဲ့ Gender-based violence ကို တခြား ဘာအကြောင်းပြချက်တွေမှ မလွှမ်းမိုးဘဲ ပြသနာအရင်းကို ဖြေရှင်းချင် တယ်ဆိုရင် အဲ့ဒီလို စကားလုံး အသုံးအနှုန်းတွေ နဲ့  ယောင်္ကျားတွေ ရဲ့ ရန်က အစ၊ အပြင်မှာ ဇနီးသားသမီးတွေနဲ့ မိသားစုကို ဆဲဆိုနေတဲ့ ယောင်္ကျားတွေ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ ယောင်္ကျားတွေကိုလည်း သတိထားရင်ဆိုင်ရမယ်။ အမျိုးသမီးတွေကို သူတို့ ရဲ့  လိင်ပစ္စည်း (sexual object) သဖွယ် သဘောထားပြုမူဆက်ဆံတာကို အမျိုးသမီးအားလုံး စုပေါင်းဆန့်ကျင် တိုက်ဖျက် ရမယ်။

အဲ့ဒီလိုမဟုတ်ဘဲ Gender-based violence ကို တွင်တွင်ပြောနေတဲ့ ယောင်္ကျားတွေနဲ့ သူတို့  လိင် အကြမ်း ဖက်လိုမှု ဥာဉ်ဆိုးကို ပစားပေးထားပြီး အဓိ က အရင်းခံမဟုတ်တဲ့ ကိစ္စတွေနဲ့  ဖုံးလွမ်းခွင့်ပေးရမယ်ဆိုရင် အနာတခြား ဆေးတခြားဖြစ်နေမှာပါပဲ။

ကျမတို့  အမျိုးသမီးများအားလုံး သေချာစဉ်းစား သင့်ပါတယ်။ ငါတို့ ရဲ့ မိန်းကလေးတွေကာကွယ်တယ်ဆိုပြီး ကျမတို့  နာမည်သုံးပြီးတော့ Gender-Based Violence နဲ့  Sexual Violence ကို အတွန့်  ရှည်စေ မဲ့ ယောင်္ကျားတွေရဲ့  စိတ်ဓာတ်၊ အပြောအဆိုနဲ့  အပြုအမူကို ဂရုပြုတိုက်ဖျက်ရပါမယ်။

ဒေသပေါင်းစုံ တိုင်းရင်းသားပေါင်းစုံမှ အမျိုးသမီးများအားလုံး ယောင်္ကျားများ၏ ဖိနှိပ်ညှင်းဆဲမှုရန်မှ ကင်းဝေးနိုင်ပါစေ။

ရည်ညွန်း

ကချင်ပြည်တွင် အုပ်စုဖြင့် မုဒိန်းကျင့်မှု

- (၁)http://kachinlandnews.com/?p=21797

- (၂) http://kachin-news.blogspot.be/2012/05/burma-soldiers-gang-rape-women-in.html

- (3) http://www.chiangraitimes.com/news/7222.html

Kachin Raped, Killed by Burmese Troops

- http://www.dvb.no/news/kachin-raped-killed-by-burmese-troops/16214

- Karen Women’s Organization, Report “Shattering Silences”, 2004 [PDF, 2MB]

ရှမ်း

-LICENCE TO RAPE€ The Burmese military regime

ကရင်

http://www2.irrawaddy.org/article.php?art_id=15799

ချောက်

http://www.thettantvillage.org/talks/5565658

မွန်ပြည်နယ်

http://www.demowaiyan.org/2012/05/blog-post_06.html


7 comments :

  1. Anonymous said... :

    But Ma Thda Htwe is not 26 year old, she is 16.Please double check.

  1. soengel2 said... :

    ရေးထားတဲ့စာကတော့ဖတ်လို့တော့အတော်ကိုစိတ်ဝင်စား ပါတယ်ဖတ်ရင်ဖတ်ရင်နဲ့စားမပါတဲ့ဟင်းစားရသလိုဘဲယနေ့မိန်းခလေးတွေလင်ပိုင်းဆိုင်ရာအနိုင်ဘာကြောင့်အကျငိ့ခံနေရတာလည်းဆိုတာပါထည့်ပြိးရေးရင်တောပိုပြိးတော့ပြည့်စုံမယ်လို့ထင်ပါတယ်အဓိကတရားခံကနိုင်ငံအုပ်ချုပ်တဲ့သူနဲ့တရားရေးဝန်ထမ်းတွေမကောင်းလို့ခုလိုတိုင်းပြည်မှာဖြစ်နေတာလေ

  1. Anonymous said... :

    Dear Arakanmin,
    I think you miss the point. Please read the article again and again to grasp fact the author is trying to hilight.

  1. Anonymous said... :

    A very good post for highlighting the true point. It is a must know!!!

  1. Anonymous said... :

    ဆားမပါတဲ့ဟင်း စားမကောင်းဘူး။ မှန်၏။

  1. Anonymous said... :

    Yes,Good post,i do it agree with that...

  1. Anonymous said... :

    The author made a good point.

    Every girl/woman in Myanmar have been abused verbally/emotionally/physically at least once in their life time, based on being a woman.

    I am one of them. I totally understand how it's felt. I also think my country is no longer a good place for a woman to live with dignity.

    Most of the men intend to abuse women, just because they are women . I was told like that: you can be abused because you are woman.

    We have many women who love genuine burmese culture and still very smart, who should have respect they deserve.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved