ရိုဟင်ဂျာ တိုင်းရင်းသားမဟုတ်ကြောင်း ၈၈ တို့ ပြောဆို

Friday, June 8, 2012


၈၈ မျိုးဆက်ကျောင်းသားများက ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါပြီ။

ကိုမင်းကိုနိုင် : ကတော့

"အရင့်အရင်တုန်းက တရားဥပဒေ ဖောက်ဖျက်ကျူးလွန်ရန် တရားခံအစစ်ကို ရှာဖွေပြီးတော့ စစ်ဆေး အပြစ်ပေးတဲ့ နေရာမှာ ပွင့်လင်းမြင်သာမှု နည်းခဲ့တာမျိုး၊ …. ဒီတော့ လူတချို့ရဲ့ စိတ်ထဲမှာ တရား ဥပဒေရယ်၊ တရားစီရင်ရေးစနစ်ရယ်၊ ပြီးတော့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးခြင်းအပေါ်မှာ သံသယရှိလာတယ်။ အားမလို အားမရ ဖြစ်လာတယ်။

အဲဒီ့အခါကျတော့ စိုးရိမ်မကင်း ဖြစ်ကြတဲ့ လူတချို့က သူတို့နည်းသူတို့ဟန်နဲ့ပဲ ၀င်ရောက်စွက်ဖက်မိတဲ့အခါ ကျတော့ မလိုလားအပ်တာတွေ ဖြစ်လာတာတွေ့ရတယ်။

အဲဒီ့တော့ ကျွန်တော်တို့ဆီက တရားစီရင်ရေးဟာ ပွင့်လင်းမြင်သာပြီးတော့ တရားဥပဒေအတိုင်း၊ အမှန်အတိုင်း ဆုံးဖြတ်တာကို ပြည်သူတွေအားလုံး စိတ်ကျေနပ်လောက်အောင် ပွင့်လင်းမြင်သာဖို့ အရေးကြီးပါတယ်" လို့ ကိုမင်းကိုနိုင် ပြောသွားတာပါ။




ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောစကားအပြည့်အစုံကတော့--

"အခုဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာ ဝင်များကြားမှာ၊ ဗုဒ္ဓဘာသာဝင်အားလုံးနဲ့ အစ္စလာမ်ဘာသာဝင် အားလုံးကြားမှာ ဖြစ်ပွားနေ တဲ့ ပြဿနာ မဟုတ်ဘူး။

ဒါကို လူမျိုးရေး၊ဘာသာရေးအသွင် ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုပဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ဝေဒနာ၊ သူတို့ခံစားမှုကိုလည်း ကျွန်တော်တို့ အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ရိုဟင်ဂျာပြဿနာဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသား များအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာကို ပြေလည်ဖို့ ကြိုးစားနေတဲ့ အခါမှာ အတတ်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊ မပြောမဖြစ်တဲ့ကိစ္စတွေက လွဲလို့၊ တော်တော်များများ ကို ရှောင်ရှားနေခဲ့ပါတယ်။

အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သက် လို့ ကျွန်တော်တို့အတိအလင်းပဲပြောပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့တိုင်းရင်းသား လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်-မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော်လာတဲ့၊ ဝင်ရောက်လာတဲ့၊ ရိုဟင်ဂျာများနဲ့ ပြည်ပသွေး ထိုး လှုံ့ဆော်မှုတွေပါ ပါနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။

ရိုဟင်ဂျာပြဿနာကို ဘယ်ကမှ လက်ခံမယ့်နိုင်ငံမရှိသလိုမျိုးဖြစ်နေတဲ့ ဒုက္ခသည်တွေအနေနဲ့ လူသားချင်း စာနာမှုအရ ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။ စာနာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီး တွေကနေပြီးတော့ ဒီအားနည်းတဲ့နိုင်ငံက ဒီပြဿနာကို လက်ခံရမယ်လို့ ဖိအားပေးနေတာမျိုးကို ကျွန်တော်တို့ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့က ဒီနေရာမှာ နိုင်ငံသားအနေနဲ့ သီးခြားပြောပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့အားလျော်စွာ တရုတ်ရှိတယ်၊ အန္ဒိယန်းလူမျိုး မျိုးနွယ်စုတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘိုးဘွားဘီဘင် အဆက်ဆက်က နေလာခဲ့ကြတဲ့အတွက် နိုင်ငံသားအဖြစ်ခံ ယူခွင့်ရရှိထား တဲ့ နိုင်ငံသားတွေရှိ ပါတယ်။

အဲ့ဒါဟာ နိုင်ငံသားဆိုတဲ့ ကိစ္စပါ။ ဒီတော့ ဘင်္ဂါလီပဲဖြစ်ဖြစ် နိုင်ငံသားအသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်များ ကိုတော့ ကျွန်တော်တို့နိုင်ငံသား တစ်ဦးရဲ့ အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်အပေါ် ကာကွယ်စောင့်ရှောက် မယ့်တာဝန်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အပြည့်အဝ လက်ခံမှာပါ။ ဒါဟာ တရုတ်၊ ကုလား ကျွန်တော်တို့မခွဲပါဘူး"




ကိုမြအေး :ပြောတာကတော့


"မောင်းတောမြို့မှာ ဒီကနေ့ ရခိုင် တိုင်းရင်းသားတွေနေထိုင်တ
ဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကြားရ တယ်။ ကျွန်တော်တို့ဆီမှာ တနေ့က အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့အစည်း (၅)ဖွဲ့နှင့် တိုင်ပင် ညှိနှိုင်း ပြီး ကြေညာချက် ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ် ကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးသင့်ပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေကိုလည်း ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေး ယူပေး စေ ချင်ပါတယ်။ နောက်တစ်ချက်က ပျက်စီးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အိုးအိမ် အဆောက် အအုံတွေ ကိုလည်း မူလအတိုင်း ပြန်ဖြစ်အောင် အစိုးရအနေနဲ့ ကြပ်မတ်ပြီး ဦးစီးဆောင်ရွက်ပေးစေချင်ပါတယ်။

4 comments :

  1. Anonymous said... :

    ဒီကြေငြာချက်က ၈၈တို့ အနေနှင့်ဟိုအရင်ကတည်းကပင် ထုတ်သင့်သာကြာပြီ။ ဒေါ်စုတို့ NLD ကလည်းသဘောထားတခုကိုပြတ်ပြတ်သားသားပေးသင့်တာကြာနေပြီ။ ဒါပေမဲ့အခုထိထွက်မလာသေးဘူး။ အမှားဆိုတာ ကြာလာရင်အမှန်ဖြတ်တတာမို့ သတင်းသမားတွေနှင့်သတင်းဌာနတွေလည်း စာရေးရင်အဲဒီအသုံးအနှူန်းမျိုးကို ရှောင်သင့်သာကြာပြီလို့ ထင်တယ်။ အခုရခိုင်မှာ ဖြစ်နေတဲ့ပြသနာဟာ ပြည်ပြကဒေါ်လာစားပြီး သူ့ ကိုသူရိုဟင်ဂျာလို့ အော်နေတဲ့သူတွေ မပါဘူးလို့ ပြောလို့ ရမလား။

  1. Unknown said... :

    ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးပြောတာကိုကျနော်တို့လက်ခံပါတယ် ဒီရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသားတွေမဟုတ်ပါဘူးဘဂ်လားမှာနေရာစရာမရှိလို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထည့်ကိုခိုးဝင်လာကြတာပါ ကြာလာရင်ဒီရိုဟင်ဂျာအရေးစိုးရိမ်စရာတွေဖြစ်လာမှာပါ ဒီအရေးကိုတားဆီးကြဖို့မြန်မာနိုင်ငံသားအားလုံးမှာတာဝန်ကိုယ်စီရှိကြပါတယ်တို့နိုင်ငံမှာနေပြီးတို့လူမျိုးတွေကိုထိခိုက်လာပါတယ် အားလုံးကန့်ကွက်ကြဖို့လိုပါတယ်

  1. Anonymous said... :

    ဒါတောင် စစ်တပ်က ၂၅ % ကို ဖယ်ထုတ်ဦးမတဲ့.... အရပ်ဘက်မှာ စစ်တပ်ကဝင်မရှုပ်နဲ့ တဲ့.. စစ်ခွေးတွေ ကိုယ့်တန်းလျားကိုယ်ပြန်တဲ့..... ကဲ ဘယ်နှယ့်ရှိစ
    ..ဘယ်မလဲ.. အန်အယ်လ်ဒီ.. ဘယ်မလဲ ၈၈ မျိုးဆက်.. ဘယ်မလဲ မီဒီယာ.. တစ်ယောက်မှ မတွေ့ပါလား

  1. Anonymous said... :

    အင်္ဂလိပ်အစိုးရ လက်ထက်က ကောက်ထားတဲ့ သန်းခေါင်စာရင်းမှာတောင် ရိုဟင်ဂျာ မ၇ှိပါဘူး။
    သန်းခေါင်စာရင်း အားလုံးပြန်ကြည့်ရင် တော်တော်ရှင်းပါတယ်။ မွတ်ဆလင်နိုင်ငံတွေက အထောက်အပံ့ များများပေးပြီး နိုင်ငံတိုင်းကို မွတ်စလင် သွင်းတဲ့ စနစ်ပါ။ပြည်ပရောက် ဒေါ်လာစားအချို့ ကိုယ့်လူမျိုးမျက်နှာကြည့်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved