မိုးကြီးတဲ့ ထားဝယ်

Wednesday, June 20, 2012



ကျော်ခ ရေးသားသည်)

ဓာတ်ပုံ - ဖိုးဇော် (ထားဝယ်) http://www.facebook.com/phoe.zaw.507

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဘက်မှာ မိုးဆက်တိုက်ရွာနေတဲ့ အတွက် မြို့အထွက် ကျောက်မော်ရပ်နဲ့ ပေါက်တိုင်း တံတားကို ဖြတ်သန်းရတဲ့ ကတ္တရာလမ်းတွေပေါ်မှာထိ ရေတွေလွမ်းနေပြီး အနီးက လယ်ကွင်းတွေမှာလည်း ပယ်လယ်ပြင်လိုပဲ ဖြစ်နေပါတယ်။

ခုချိန်ထိတော့ ရေလွှမ်းမှုတွေဟာ ခရီးသွားလာသူတွေအတွက် အနည်းငယ် အခက်အခဲဖြစ်ရုံကလွဲပြီး ထိခိုက်ပျက်စီးမှုတွေ မရှိသေးပါဘူး။ ဒါပေမယ့် မိုးက သဲသဲထန်ထန် ဆက်ပြီးရွာနေဦးမယ်ဆိုရင်တော့ လမ်းပျက်စီးမှုတွေဖြစ်လာနိုင်တဲ့အတွက် ထားဝယ် - သရက်ချောင်းနဲ့ ထားဝယ် - မြိတ် လမ်းကြောင်းတွေကို ပြေးဆွဲနေတဲ့ ကားလမ်း ခရီးစဉ်တွေ အခက်ခဲတွေ ဖြစ်လာနိုင်တယ်လို့ ထားဝယ်မြို့သားတွေကပြောပါတယ်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ အဖွဲ့ရဲ့ ၁၉ ရက်နေ့ မနက်ပိုင်း ၉ နာရီထိ တိုင်းထွာချက်အရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားအလွန်ကောင်းနေပြီး မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားတာကို တွေ့ရပါတယ်။

မိုးသက်လေပြင်းများကျရောက်စဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီကို ၄၅ မိုင်ထိ တိုက်ခတ်နိုင်သည်ဟုသိရပြီး နောက်နှစ်ရက် အတွက် ခန့်မှန်းချက်ကတော့ တစ်ပြည်လုံး မိုးအားပိုလာမယ်လို့ မိုးဇလက ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

အရင်တပတ်ကလည်း မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တစ်ပတ်လောက်မိုးဆက်တိုက်ရွာတဲ့အတွက် ဖားကန့် ကျောက်တွင်း မြေဇာပုံအနီးမှာနေတဲ့ အိမ်တွေပေါ်ကို မြေဇာပုံတွေပြိုကျတဲ့အတွက် အိမ်တွေ လုံးလုံးပိကုန်ပါတယ်။ လူအသေ အပျောက်တော့ မရှိပါဘူး။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved