မြန်ဖို့ လိုသေးတဲ့ မြန်မာ့ဒီမိုကရေစီဖော်ဆောင်မှု

Tuesday, June 26, 2012


ဒါလေးကို ဘလော့မှာ တင်သင့်တယ် လို့ လက်တို့ခံရတာမျိုး နေ့တိုင်း ကြုံနေရပါတယ်။ လက်တို့တာ လွယ်ချင်မှ လွယ်လိမ့်မယ်။ ညွှန်းမယ့် အကြောင်းအရာကို မိတ်ဆက်ဖို့ ဖတ်ရှုရတာတော့ အချိန် အတော်ပေးရတာပဲ။

ဒီတပုဒ်ကတော့ တော်တော်လေး ကောင်းတဲ့ထဲ ပါတာကို တွေ့ရပါတယ်။ Myanmar: The slow road to democracy ဆိုတဲ့ ခေါင်းစဉ်နဲ့ အယ်လ်ဂျာဇီးယား http://www.aljazeera.com/indepth/opinion/2012/06/201262110424445593.html မှာ ရေးထားတာပါ။

စာရေးသူက Donna Guest ဖြစ်ပါတယ်။ သူက ၁၉၈၉ ကတည်းက မြန်မာပြည် လူ့အခွင့်အရေးအခြေအနေကို လေ့လာ စောင့်ကြည့်ခဲ့သူပါ။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အရာရှိတယောက် ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ သဘာတူညီချက်ကြောင့် ၂၀၀၃ ဇန်န၀ါရီမှာ ရန်ကုန်ကို ၁၀ ရက် သွားရောက်လေ့လာနိုင်ခဲ့သူပါ။

သူ့ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်အကြောင်းနဲ့ အစပြုထားပါတယ်။

အနှစ် ၂၀ ကျော် မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့ ထိတွေ့ခဲ့တဲ့သူ့အတွက် နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆု လက်ခံ ရယူတာကို ထိုင်ကြည့်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မယုံခဲ့ပါဘူး တဲ့။
ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အကျဉ်းသားအကြောင်း ဖိုင်ကို ၁၉၈၉ မှာ သူဖွင့်ခဲ့၊ အချက်အလက် ပြုစုခဲ့တယ်။ လွန်ခဲ့တဲ့ ၉ နှစ်က ရန်ကုန်မှာတွေ့ခဲ့သလို ဒီနှစ်ထဲ သူ ရန်ကုန်ထပ်သွားတော့လည်း တွေ့ခဲ့ပါတယ် တဲ့။
သူတွေ့ခဲ့တဲ့ အကျဉ်းသား အများအပြား အခုတော့ လွတ်လာကြပြီ လို့ ဆိုတယ်။

တိုးတက်ပြောင်းလဲလာပြီလို့ သူထင်သလားလား? နိုင်ငံရေးသမားတွေ ရာနဲ့ချီပြီး လွတ်မလာသေးတာ၊ ဒုတိယနှစ်ထဲရောက်လာတဲ့ ကချင်ဒေသတိုက်ပွဲတွေကြောင့် ဒေသခံများ ထွက်ပြေးနေရတာ စတဲ့ ထင်သာမြင်သာရှိတာတွေကို ထောက်ပြထားပါတယ်။

နိုင်ငံရေးသမားတွေ လွှတ်ဖို့၊ ကချင်ဒေသ အပစ်ရပ်ဖို့ အစိုးရကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းပါတယ် တဲ့။

နောက်ထပ် တိုက်တွန်းချက်တခုက ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပါတယ်။ ရိုဟင်ဂျာ နဲ့ ရခိုင် တိုင်းရင်းသားလူမျိုးစု နှစ်ခုလုံးကို အကာအကွယ်ပေးပါ တဲ့။

တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ အပါအ၀င် အပြောင်းအလဲတွေ လုပ်ဆောင်ဖို့က အချိန်ယူရမယ်၊ နိုင်ငံတကာကလည်း ဒီအပြောင်းအလဲများအတွက် ကူညီသင့်တယ် လို့ တိုက်တွန်းထားပါတယ်။

မပြောင်းမလဲ ရှိနေတာကတော့ မြန်မာပြည်သူတွေရဲ့ သတ္တိပါပဲ တဲ့။
လောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည် ဥရောပကို ခရီးထွက်နိုင်တဲ့ အခြေအနေအထိ ရှိနေပြီ၊
မြန်မာပြည်မှာ ဆောင်ရွက်စရာတွေက အများကြီး ကျန်နေသေးတယ်၊ မျှော်လင့်ချက်ထားစရာတွေလည်း အများကြီး ရှိနေပါပြီ လို့ သူ့ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

ဆောင်းပါးအဆုံးမှာ စာဖတ်သူတုံ့ပြန်ချက်တချို့ကိုလည်း တွေ့ရပါတယ်။
ပထမဆုံး မှတ်ချက်ရေးသူက ဆောင်းပါးမှာ မပါတဲ့ အကြောင်းအရာကို ရေးထားပါတယ်။
တောင်အာဖရိက အပြောင်းအလဲမှာ ပေါ်ပေါက်ခဲ့တဲ့ "အမှန်တရား နဲ့ ပြန်လည်သင့်မြတ်ရေး ကောင်စီ" လိုမျိုး ဖွဲ့စည်းလုပ်ဆောင်ရေး ဆိုတာပါပဲ။
အဲဒီကောင်စီက မင်ဒဲလားတို့ဆီမှာတော့ အင်မတန် အလုပ်ဖြစ်ခဲ့ပြီး နိုင်ငံတကာက သဘောကျခဲ့ပါတယ်။

အဲဒီကောင်စီ ဖွဲ့ရေးကို နောက်တယောက်က စောလွန်းပါသေးတယ်လို့ ဆိုထားပါတယ်။ တောင်အာဖရိကနဲ့ မြန်မာ အခြေအနေ မတူဘူး တဲ့။
မြန်မာပြည်မှာ ဒီလူကြီးတွေ အာဏာ ချုပ်ကိုင်ခဲ့တာ ၁၉၈၈ ကတည်းက လို့ ထောက်ပြပါတယ်။

အကောင်းဆုံးကတော့ အတိတ်ကဖြစ်ရပ်တွေ (တရားစီရင်စစ်ဆေးမှုတွေ) ကို ပြန်လေ့လာပြီး ရှေ့ဆက်ဆောက်ရွက်ဖို့ စောင့်နေတာပါပဲ တဲ့။

ဆက်စပ်ဖတ်ရှုရန် -
၂၀၀၃ ခုနှစ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ်အကြောင်း အင်တာဗျူး

စာမျက်နှာ - ၁

စာမျက်နှာ - ၂

စာမျက်နှာ - ၃


1 comments :

  1. Nyo said... :

    ရိုဟင်ဂျာ နဲ့ ရခိုင် တိုင်းရင်းသားလူမျိုးစု နှစ်ခုလုံးကို အကာအကွယ်ပေးပါ တဲ့။ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားစာရင်းထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ အမှားကိုထပ်တလဲလဲပြောပြီးအမှန်ထင်လာအောင် ကုလားညာဏ်နဲ့ကြံစည်နေကြတယ်။ သူလည်းရိုးသားပုံမရဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved