ဦးသိန်းစိန်ရဲ့ လုပ်ရပ်ကို ကြိုဆိုဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Friday, June 22, 2012

~





ဦးသိန်းစိန်ကို ထောက်ခံကြဖို့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကလန်ဒန်မြို့  ဗြိတိသျှ ပါလီမန်မှာ ပြောလိုက်ပါတယ်။

"ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီ ထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိသျှ ပါလီမန်မိန့်ခွန်းကို နိုင်ငံတကာရုပ်သံတွေက ထုတ်လွှင့်ကြပါတယ်။ ထူးခြားတဲ့ သမိုင်းဝင်မိန့်ခွန်းလို့လည်း ဆိုကြပါတယ်။

လွှတ်တော် ၂ ရပ်က အမတ်တွေကို မိန့်ခွန်းပြောရာမှာ မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းလည်း ပါဝင်ပါတယ်။

"မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။ သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန် နဲ့ အစိုးရ သတင်းစာတွေဘက်က တုန့်ပြန်ချက် ထွက်မလာသေးပါဘူး။

ဥရောပ ၅ နိုင်ငံကို ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလကုန် မြန်မာပြည်ပြန်ရောက်မယ်လို့ သိရပါတယ်။


~

2 comments :

  1. Anonymous said... :

    She didn't say 2010 election only she said about 2012 by election. Please correct it don't confuse to the people.

  1. Anonymous said... :

    အခုတလော မြန်မာဖြစ်ရတာ တန်သဗျာ။ ဒီမိုကရေစီ ဟာကောင်းတယ်ဆိုပေမဲ့ အသုံးချမမှန်လျင်အန္တရာယ် တအားများတယ်။ ရခိုင် အရေးအခင်း ကသက်သေပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved