ရောင်းမလောက် ဆမ်ဆောင်း စမတ်ဖုန်း

Tuesday, June 26, 2012

သားကြီး ရေးသားသည်)



(ဓာတ်ပုံ-Reuters)

ပုံကိုကြည့်ပြီး ကိုရီးယားမလေး နှစ်ယောက် အကြောင်း ရေးထားတယ်လို့ မထင်ပါနဲ့ဗျာ။ (ဒီ မချောလေးနှစ်ယောက် ဓာတ်ပုံအရိုက်ခံနေကြတာ ဆိုးလ်မြို့ ဆမ်ဆောင်း အီလက်ထရွန်နစ် ဌာနချုပ် စမတ်ဖုန်း မိတ်ဆက်ပွဲမှာပါ။)

ဆမ်ဆောင်း အီလက်ထရွန်နစ် ကုမ္ပဏီက သူတို့ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Galaxy SIII က ပစ္စည်းတွေ ပြတ်လပ်သွားတဲ့ အထိအောင် ရောင်းအား ကောင်းသွားတယ်လို့ ဆိုပါတယ်။

နှစ်လ အတွင်း ဆယ်သန်း လောက် ရောင်းချ နိုင်ခဲ့တယ်လို့ ဆမ်ဆောင်း ကုမ္ပဏီကြီးရဲ့  ဥက္ကဋ္ဌ တဦးဖြစ်သူ Shin Jong-kyun ပြောပါတယ်။

ဒါကြောင့် ဝယ်လိုအားနဲ့ ကိုက်ညီအောင် ထုတ်လုပ်နိုင်ဖို့ မနည်းကြိုးစားနေရပါတယ် တဲ့။

ဥရောပမှာ စီးပွားရေးအကျပ်အတည်းတွေ နဲ့ Galaxy SIII ပစ္စည်း ပြတ်လပ်မှုတွေကြောင့်ပေါ့၊ ဒါတွေနဲ့ မကြုံရင်တော့ ရောင်းအား ဒီထက်မက တက်လာနိုင်ဖွယ်ရှိတယ်လို့ သူ က ဆိုထားပါသေးတယ်။

ဒီအကြောင်းကို ဧရာဝတီရဲ့ စီးပွားရေး ကဏ္ဍသတင်းတပုဒ် http://www.irrawaddy.org/archives/7616 မှာ ဖတ်ရှုနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved