ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေ ကြေညာပြီ

Sunday, June 10, 2012


ဒီကနေ့ ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ဒေသ အရေး ဆန္ဒထုတ်ဖော်မှု မြင်ကွင်း (ဓာတ်ပုံ-ဧရာဝတီ)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊

နိုင်ငံတော် သမ္မတရုံး၊
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂

၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀

အရေးပေါ်အခြေအနေကြေငြာခြင်း

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။

သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို အမြန်ဆုံးပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေငြာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ က အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။
ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။
ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

5 comments :

  1. လင်းလင်း said... :

    ရခိုင်တိုင်းရင်းသားညီအစ်ကိုတွေနှင့် မြန်မာပြည်သူပြည်သားတို့ရဲ့ အသက်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်ပေးတဲ့ နိုင်ငံတော်သမ္မတကြီးအား ကျွန်တော်တို့ ပြည်သူများမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။

  1. zaw said... :

    ဒီထက်ပြက်ပြက်သားသားလုပ်စေချင်ပါတယ်

  1. realism said... :

    ရိုဟင်ဂျာဆိုတာမြန်မာတိုင်းရင်းသားမဟုတ်ဘူးလို့ငြင်းချက်မထုတ်တဲ့နီုင်ငံေ၇းပါတီ...မီဒီယာ..လူ့အခွင့်အေ၇းလှုပ်၇ှားသူ..ပြည်တွင်းပြည်ပ..အတိုက်အခံဆိုတာတွေ အကုန်....ပဲ

  1. myatminlwin said... :

    မဇ္ဈိမ သတင်းဌာန နှာစေးနေသည်။ BBC မလိမ့်တပတ်သတင်းဖြန့် နေသည်။ VOA မတိမကျ ရေးသားဖော်ပြနေသည်။RFA သတင်းထောက် သေးပေါက်နေသဖြင့် သတင်းမလိုက်နိုင်ဖြစ်ကာ ရခိုင်ဒေသ သတင်း မဖော်ပြနိုင်ပဲဖြစ်နေသည်။

  1. Min Ye Kyaw Swar said... :

    ရခိုင်တစ်ပြည်လုံးမှာရှိတဲ့ပြည်သူတွေကို ဖြစ်နိုင်သမျှနည်းလမ်းအကုန်သုံးပြီး ခုချက်ချင်းကာကွယ်ပေးပါ။ စစ်သားအင်အားသိန်းဂဏန်းရှိတဲ့မြန်မာနိုင်ငံမှာ လုံခြုံရေးအင်အားမလုံလောက်ဘူးလို့ထပ်မပြောပါနဲ့တော့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved