ဆန္ဒပြ အင်းသား၊ ရွှေလုပ်သားများကိစ္စ သတင်းထိန်းချုပ်မှု

Friday, June 8, 2012


ယမန်နေ့ညက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှလက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသော မိုးထိ မိုးမိ တောင်ပေါ်တွင် ဆန္ဒပြလျှက်ရှိနေသော အင်းသားများ ရွှေတွင်းလုပ်သားများထံသို့ မိတ္ထီလာမြို့
ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး နှင့် အဖွဲ့များသွားရောက်ရာ တွင် လမ်းမှ စစ်ဆေးရေး ဂိတ်များက ဝင်ခွင့်မပြုတော့ကြောင်း သတ္ထုတွင်းဝန်ကြီး၏ ခွင့်ပြုချက်ပါ သလား ၊ ကုမ္ပဏီ ရုံးချုပ်မှ ခွင့်ပြုချက်ပါသလား ၊ ဒေသခံအာဏာပိုင်များ၏ ခွင့်ပြုချက်ပါသလား မှတ်ပုံတင်စစ်ဆေးခြင်း အထပ်ထပ်ပြု လုပ်နေပါသည်။

ထို့ကြောင့် တောင်ပေါ်လမ်းခုလတ်တွင် ည ၁၂ နာရီ ခွဲထိတိုင်အောင် ရှေ့သို့ ဆက်လက် သွားခွင့် မပြုတော့သဖြင့် ယခုလို အသံဖိုင်ဖြင့် ပေးပို့လာပါသည်။ ( အသံဖိုင်အား မကြာမီ တင်ပြပေးပါမည်)

ယခု ဆန္ဒပြလျှက်ရှိနေသော မိုးထိမိုးမိတောင်ပေါ်သို့ မိတ္ထီလာမြို့ပြည်သူ့ အကျိုးဆောင် ကွန်ရက် မှ ဒေါ်မြင့်မြင့်အေး နှင့်အဖွဲ့တက်ရောက်ခြင်းမှာ ဆန္ဒပြနေစဉ် ကာလတွင် ယခုအကြိမ်သည်
ဒုတိယမြောက်အကြိမ်ဖြစ်ပါသည်။

ပထမအကြိမ်က သွားလာခွင့်ပြုခဲ့သော်လည်း ဒုတိယအကြိမ်တွင် မီဒီယာများနှင့် တကွ အခြားသော ကွန်ယက်အဖွဲ့စည်းများကိုပါ ပိတ်ပင်လိုက်ခြင်းမှာ ကုမ္ပဏီအနေဖြင့် ဆန္ဒပြလျှက်ရှိနေသော အင်းသားများနှင့်
ရွှေတွင်းလုပ်သားများ၏တောင်းဆိုချက်များကို မလိုက်လျှောပဲ ၎င်းတို့စိတ်တိုင်းကျ လုပ်ဆောင်နိုင် ရန်နှင့် သတင်း မီဒီယာများပေါ်တွင် ဆန္ဒပြနေသည့် ကိစ္စပြန့်နှံ့နေခြင်းအား ထိန်းချုပ်နိုင်ရန်အတွက် ယခုလို
တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။

1 comments :

  1. Anonymous said... :

    မနက်ကျတော့ ၀င်ခွင့် ရသွားပါတယ်ခင်မျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved