ဒီအခမ်းအနားမှာ ဦးကျော်အောင်၊ ဦးအေးကျော်၊ ဆလိုင်းတင်မောင်ဦးရဲ့ညီ ဆလိုင်းမြဒင်၊ ဦးဝင်းတင်၊ ဦးလှရွှေ၊ ကိုမင်းကိုနိုင်၊ ကိုကျော် ကိုကို၊ ဘိုးတော်ခင်ဝင်း၊ ဦးဇိုဇမ်တို့မှ အမှတ်တရစကားများ ပြောကြားခဲ့ကြပါတယ်။ ၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေက ကျောင်းသားများအနေဖြင့် အာဏာလိုချင်သဖြင့် နိုင်ငံရေးလုပ်ခြင်းမဟုတ်ဘဲ အမျိုးသားရေးလိုအပ်ချက်အရ လုပ်ကြခြင်းသာဖြစ်ကြောင်း၊ ယနေ့အချိန်အထိလည်း လုပ်နေရဆဲဖြစ်ကြောင်း၊ အတိတ်မှဖြစ်ရပ်များကို သင်ခန်းစာယူပြီး ရှေ့ဆက်လုပ်ကိုင်ရမှာဖြစ်ကြောင်း၊ အာဏာ ရှင်များ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများ အဆုံးသတ်သင့်ပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒီနောက် ပေးပို့ထားတဲ့ သ၀ဏ်လွှာများအား ဖတ်ကြားခြင်း၊ ဆလိုင်းတင်မောင်ဦးအတွက် ၀တ်ပြုဆုတောင်ခြင်းများ ပြုလုပ်ပြီးနောက် အခမ်းအနားကို နေ့လည် ၁၂း ၀၀ မှာ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် သ၀ဏ်လွှာ
အခမ်းအနားမှတ်တမ်းဓာတ်ပုံများ
ညွှန်း - မိုးမခ http://moemaka.com/
0 comments :
Post a Comment