ဇိမ်ခံပြိုင်ကား နှစ်ခြိုက်တဲ့ တွမ်ခရုစ်

Thursday, June 28, 2012


ကမ္ဘာ့ဈေး အကြီးဆုံးနဲ့ အမြန်ဆုံးကားလို့ အသတ်မှတ်ခံထားရတဲ့ ဂျာမနီကုမ္မဏီ Volkswagen Group ရဲ့ လက်အောက်ခံ Bugatti အုပ်စုက ထုတ်လုပ်တဲ့ Bugatti Veyron ပြိုင်ကား ဆိုတာကို ခရစ်ဘရောင်းတို့လို အဆိုတော်တွေပဲ ပိုင်ဆိုင်တာ မဟုတ်ပါဘူး၊ ဟောလိဝုဒ် မင်းသား၊ မင်းသမီးတော်တော်များများလည်း ဝယ်စီးကြပါတယ် တဲ့။

အဲဒီထဲက တစ်ဦး ကတော့ ရွှေကမ္ဘာလုံး ၃ ဆုရှင် မင်းသား တွမ်ခရုစ် (Tom Cruise) ဖြစ်ပါတယ်။

၂၀၀၉ခုနှစ်မှာ သူက အဲဒီကားမျိုးကို အကြွေးနဲ့ ဝယ်စီးပြီး လစဉ် ဒေါ်လာ ၂ သောင်း ၃ ထောင်ကျော် ပေးသွင်းနေရပါတယ် တဲ့။

အဲဒီကားကို ၀ယ်ပြီးခါစက တွမ်ဟာ သူ့ကားတံခါးကို တောင် မဖွင့်တတ်ဘူးလို့ ဆိုပါတယ်။ ကား ရှေ့ခန်းက ဇနီးချောလေး ကေတီဟုမ်းကို ကားတံခါး သွားအဖွင့်ပေးမှာ အချိန်အတော်ကြာ ဖွင့်ယူခဲ့ရတာပါ။



အဲဒီကားရဲ့ တန်ဘိုးကတော့ အမေရိကန်ဒေါ်လာ ၂ သန်း ဝန်းကျင် ဖြစ်ပါတယ်။

ယနေ့ထက်တိုင် နှစ်နှစ်ခြိုက်ခြိုက် မောင်းနှင်နေသေးတဲ့ သူ့ရဲ့ Bugatti Veyron ကို ရုပ်ရှင်ပွဲတော်နဲ့ ညစာ စားပွဲတွေမှာ တွမ်ခရုစ်က ပွဲထုတ်လေ့ ရှိပါ တယ်။

သူစီးတဲ့ Bugatti Veyron ဟာ ခရစ်ဘရောင်းလို အနီရောင် မဟုတ်ပါဘူး။ အမည်းနဲ့ မီးခိုးရောင် ရောစပ်ထားတဲ့ အမည်းနုရောင် ပြိုင်ကားဖြစ်ပါတယ်။


ဒါကြောင့် Tom Cruise တစ်ယောက်လည်း ဇိမ်ခံပြိုင်ကားကောင်း ကြိုက်နှစ်သက်သူတစ်ဦးလို့ ပြောရမှာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved