ကမ္ဘာ့ဒုက္ခသည်များနေ့ ဓာတ်ပုံပြပွဲ

Wednesday, June 20, 2012

ဒီနေ့ ဇွန် ၂၀ ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ပါ။ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်ကတော့ Refugee has no choice. You do ဖြစ်ပါတယ်။


ကမ္ဘာတ၀ှမ်းမှာရှိနေတဲ့ နိုင်ငံတကာက ဒုက္ခသည်တွေဟာ ဒီနေ့ကို ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။ နယူးဒေလီမှာရောက်နေတဲ့ မြန်မာအပါအ၀င အာဖဂန်၊ ဆိုမာလီ၊ ပါကစ္စတန်၊ သီရိလင်္ကာ စတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေကတော့ ဇွန်လ ၁၆ ရက်နေ့တုန်းက ရိုးရာယဉ်ကျေးမှု ကပွဲတွေ လုပ်ခဲ့ပါတယ်။



ဒီနေ့မှာကတော့ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ ခံစားနေရတဲ့ ဒုက္ခတွေကို အိန္ဒိယနိုင်ငံသားတွေအပါအ၀င် နိုင်ငံတကာက ပိုမိုသိအောင် ရည်ရွယ်တဲ့အနေနဲ့ အိန္ဒိယ ပါလီမန်နားက ဂျန်တားမန်တား ပန်းခြံလမ်းမှာ ဓာတ်ပုံပြပွဲ တခု လုပ်ခဲ့ပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved