ရခိုင်ဒေသအရေး ထုတ်ပြန်ချက်များ၊ အမြင်များ (၂)

Monday, June 11, 2012



ကဗျာဆရာစောဝေ (ဓာတ်ပုံ-Venus News Weekly)

ကျွန်တော်တို့ အနေနဲ့ ဝေါဟာရ သုံးစွဲရတာ တော်တော်ကို အခက်အခဲ ရှိပါတယ်။ ဘင်္ဂလီလို့ သုံးရင် ရခိုင်ပြည်နယ်ထဲက အစ္စလာမ် ဘာသာဝင်တွေက မကြိုက်ပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်းကို သုံးရင်လည်း ရခိုင်အမျိုးသားတွေက လုံးဝ လက်မခံပါ။ ဒါကြောင့် ပြဿနာ အနည်းဆုံး ဖြစ်အောင် အစ္စလာမ် ဘာသာဝင်တွေဆိုတဲ့ အသုံးအနုန်းကို သုံးရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူမျိုး၊ ဘာသာကို စော်ကားလိုတဲ့ အတွက် သုံးခြင်း မဟုတ်ပါ။
ခိုင်မြတ်ကျော်
နိရဉ္စရာသတင်းဌာန အယ်ဒီတာ

“သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်မှု တော်တော် နောက်ကျတယ်။ အဲဒီ မငြိမ်သက်မှုက နေ့လည် ၁ နာရီ ကတည်းက စဖြစ်တာ။ ညနေ ၄ နာရီထိ လုံခြုံရေး ချထားပေးခြင်း၊ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတာကို ကျနော်တို့ တွေ့ရတယ်။ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေလည်း စိုးရိမ် ထိတ်လန့် နေရတဲ့ အခြေအနေ ဖြစ်နေတယ်”
ဦးခိုင်ကြည်စိုး၊ အတွင်းရေးမှူး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ
Hot News Weekly ဂျာနယ်
http://www.hotnewsweekly.com/

ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက် လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ် ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။

--- ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွား မှာ ဖြစ်သလို ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့ သူများ အတွက်လည်း တရားမျှတမှု ရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထား ကြီးကြီး ထားပြီး အစစအရာရာ နားလည်ပေးကြ ဖို့ ပြောကြားလိုပါတယ်။
သမ္မတဦးသိန်းစိန်

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လွန်ကဲသောရေးသားဖော်ပြချက်များကို တွေ့လာရသဖြင့် နိုင်ငံတော်အေးချမ်း တည်ငြိမ်မှုကိုပျက်ပြားစေသည့် ရေးသားဖော်ပြမှုများ ဆက်လက်ပြုလုပ်ပါကတည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။ ယနေ့ ဇွန်လ(၁၀)ရက်နေ့ ညနေ ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများအား ခေါ်ယူတွေ့ဆုံကာ ထိုသို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
Popular Myanmar News Journal
http://www.facebook.com/PopularNewsJournal

Burma Campaign U.K က တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တွေ့တဲ့ အခါမှာ ခင်ဗျားတို့ အဲဒီကိစ္စကို လုံးဝ မလုပ်ပါနဲ့ဆိုတာကို တိတိလင်းလင်းကျနော် ပြောကြားခဲ့တယ်။ ကျနော်ပြောတဲ့ အချိန်ကစပြီး သမီးကလည်း သူ့ကိုယ်သူ ဆင်ဆင်ခြင်ခြင်နဲ့ နေထိုင်လုပ်ကိုင်နေတာ ခင်ဗျားတို့ နောက်ပိုင်းကြားမှာပါ။ ကျနော့်သမီးနဲ့ပတ်သက်ပြီး ကျနော် တာဝန်ယူတယ်။ သူလုပ်တာ မဟုတ်ဘူးဗျ။ ကလေးဆိုတော့၊ လူငယ်ဆိုတော့ သူ့အနေနဲ့က လုပ်ချင်ကိုင်ချင်စိတ်က များတယ်။ ကျနော်တို့လိုတော့ နိုင်ငံရေးကို ဘယ်နားလည်နိုင်သေးမလဲဗျာ။ ကျနော် မေတ္တာရပ်ခံပါတယ်။ ရိုဟင်ဂျာကိစ္စ ဆန္ဒပြတာမှာ သမီးဟာ ယောင်ပြီးတော့ ပါသွားမိတယ်လို့ ကျနော်နားလည်တယ်။ နောက်လုပ်စရာ အကြောင်းအရင်းလည်း မရှိသလို နောက်ထပ်မဖြစ်တော့ဘူးဆိုတာ ကျနော် အာမခံတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး

ပိုမို ဖတ်ရှုရန်

Messenger ဂျာနယ်၏ မေတ္တာရပ်ခံချက်

ရမ်းဗြဲနဲ့ တောင်ကုတ်လူသတ်မှု နိရဉ္စရာ လက်မခံ

မြန်မာပြည်အပေါ်မှာ သစ္စာစောင့်သိရမယ်


ညွှန်း - မိုးမခ - http://moemaka.com/

3 comments :

  1. I love NLD said... :

    islam လို့သုံးတာပိုဆိုးတယ်လေ..
    ရိုဟင်ဂျာ နဲ့ ဘင်ဂါလီက လူနည်းစု
    islam က တစ်ကမ္ဘာလုံးမှာရှိတဲ့ လူများစုလေ
    ဘာသာရေးတွေမထည့်တာပိုကောင်းတယ်

  1. Anonymous said... :

    nshenn15ရက်နေ့အဓိကရုံးမဖြစ်စေရန်တာဝန်ရှိသူများမှကာကွယ်
    ပေးကြပါ။

  1. Anonymous said... :

    I suppose U Khaing Myat Kyaw, due to use polite words that cannot annoy other personal facts.
    Really, I am so disappointed after reading Nyein Aye's letter.All of Myanmar would feel like that I think.
    So, I specially request to Nyein Aye , don't write as this letter again.
    Best regards,
    Anon

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved