ကမ္ဘာ့ဆံပင် အရှည်ဆုံး ဂင်းနစ်မှတ်တမ်းဝင် အမျိုးသမီး

Friday, June 1, 2012


တရုတ်နိုင်ငံ၊ ဂွမ်ချီ ပြည်နယ်က အသက် ၅၀ အရွယ် မစ္စ Xie Qiuping သည် ၂၀၀၄ ခုနှစ် မေလ ၈ ရက်နေ့ကတည်း က ကမ္ဘာ့ ဆံပင် အရှည်ဆုံး အမျိုးသမီးအဖြစ် ယနေ့ထိ ကမ္ဘာ့ ဂင်းနစ် မှတ်တမ်းတွင် စံချိန်တင်ခံထားရသူဖြစ်သည်။





သူ့ဆံပင်က အရှည် ၁၈ ပေနှင့် ၅.၅၄ လက်မရှိပြီး သူဟာ ၁၉၇၃ ခုနှစ် သူ့ အသက် ၁၃ နှစ်သမီးကတည်းက ဆံပင် မညှပ် တော့ ကြောင်း၊ သူ့ဆံပင်ကို အလွန်တန်ဘိုးထား ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း၊ သူ့အနေနဲ့ ကမ္ဘာ့ ဂင်းနစ် မှတ်တမ်း ၀င်ရန်အတွက် ဆံပင်အရှည်ထားခြင်းမဟုတ်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

သူ့ဆံပင်ကို လျှော်ဖို့ဆိုရင်လည်း နောက်ထပ် လူ ၂ ယောက်က ကူညီပေးရကြောင်းနဲ့ သူ့ဆံပင်ကို နည်းနည်းမှ ဖြတ်ဖို့ အစီအစဉ် မရှိကြောင်းသူက ပြောထားပါတယ်။



ဓာတ်ပုံ-Guinness world record





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved