တီထွင်မှု နဲ့ သုံး ဘီး

Sunday, June 24, 2012




တချိန်က တီထွင်ပါရဂူ ဖိုးဆိတ်ဖြူကို အမှတ်ရမယ်ထင်ပါတယ်။
တီထွင်မှုဥာဏ်စွမ်းကတော့ မြန်မာတွေမှာ ရှိကြပြီး မြန်မာနိုင်ငံမှာလည်း တီထွင်မှုကတော့အလွန်များပြားပါတယ်။

မုံရွာ စက်မှုဇုန်ကတော့ သုံးဘီးဆိုင်ကယ်တွေလည်း ထုတ်ပါတယ်တဲ့။
ဒါပေမယ့်တောင်သူတွေ အတွက် အသုံးဝင်စေမယ့် လယ်ယာလုပ်ငန်းသုံး သုံးဘီးထွန်စက်ကို ပထမဆုံး မြန်မာနိုင်ငံမှာ ထုတ်လုပ်တာက မုံရွာစက်မှုဇုန် ကဦးထွန်းခင်နှင့် သားများ သုံးဘီးယာဉ် ထုတ်လုပ်ရေးကပါဗျာ ဆိုပြီး ဓာတ်ပုံနဲ့တကွ
ThanLarWaddy Time မှာ ဖော်ပြထားပါတယ်။

ဒါလည်း ဖြစ်သင့်ပါတယ်။ မြန်မာနိုင်ငံဟာ အခုထိ စက်မှုလယ်ယာခေတ်ကို ပီပီပြင်ပြင် မရောက်သေး တာကြောင့် အခုလို စက်မှုလယ်ယာဆိုင်ရာ တီထွင်မှုမျိုး ဒီထက်ပို ထွန်းကားသင့်ပါတယ်။

ဒါပေမယ့် သုံးဘီး ဆိုင်ကယ်နဲ့ပတ်သက်လို့ကတော့ ထိုင်းနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာ ကြာပါပြီ။
ဆမ်လော ခေါ် သုံးဘီး စက်ဘီး လူတင်ယာဉ် ၊ တချို့ ဆမ်လောများ ကုန်လည်း တင်ပါတယ်။

လယ်ယာကဏ္ဍမှာလည်း အသုံးပြုပါတယ်။ ထိုင်းအခေါ် ဆမ်လော လို့ ခေါ်ပြီး မြန်မာလို သုံးဘီးလို့ အဓိပ္ပါယ်ရပါတယ်။ ပုံသဏ္ဍန်အမျိုးမျိုး အသုံးပြုပုံအမျိုးမျိုး ရှိကြပါတယ်။




ဘက်စုံသုံး သုံးဘီးဆိုင်ကယ်

တချို့ တုတ်တုတ် ခေါ် သုံးဘီးလည်းရှိပါသေးတယ်။ TAXI အဖြစ် အသုံးပြုတာများပြီး အစီးရေ ကန့်သတ်ထုတ်ထားပါတယ်။ နောက်ထပ် တုတ်တုတ် အသစ် ထုတ်လုပ်သုံးစွဲဖို့တော့ ထိုင်းနိုင်ငံက မပေးသေးပါဘူး။



မြန်မာနိုင်ငံ ရန်ကုန်မြို့နယ် မြို့ကြီးတွေမှာ အရင်ကလည်း သုံးဘီးကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ ပါတယ်။ လိမ္မော်ရောင် သုတ်လိမ်းထားပြီး တက္ကဆီအဖြစ် လည်း သုံးခဲ့ကြပါတယ်။ အခုတော့ အနေးယာဉ် စာရင်းဝင်၊ ခေတ်မမီ စရင်းသွင်းပြီး နယ်နှင်ခံခဲ့ကြရတာ ကြာပါပြီ။

သုံးဘီး ယာဉ်နဲ့ပတ်သက်လို့ကတော့ နိုင်ငံတော်တော်များများ မှာ အသုံးပြုကြပါတယ်။ သူ့မှာ ထူးခြားတာက ချစ်စရာ ကောင်းတာပါဘဲ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved