နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံး မန္တလေးတွင် ဖွင့်မည်

Saturday, June 16, 2012


မြန်မာနိုင်ငံကူးလက်မှတ်( Passport)ထုတ်ပေးရေး ရုံးခွဲကို
မြန်မာနိုင်ငံ အထက်ပိုင်း အတွက် မန္တလေးမြို့ တွင်လာမည့် ဇူလိုင်လ ပထမပတ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာန က ကြေညာပါတယ်။

ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးသို့ လာရောက်ရန် ခက်ခဲမှုများ ရှိတာကြောင့် မန္တလေးတိုင်းနှင့် အထက်ပိုင်း မြန်မာနိုင်ငံမှ နိုင်ငံသားများအား အဆင်ပြေချောမွေ့စေရန်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးသည် ရန်ကုန် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၏ လုပ်ထုံး လုပ်နည်းအတိုင်း နိုင်ငံကူးလက်မှတ်များကို ၂၁ ရက်နှင့် အပြီး ထုတ်ပေးသွားမည်ဖြစ်သည်။

ကုန်ကျစာရိတ်မှာလည်း စုစုပေါင်း ၃ သောင်းခွဲ ၀န်းကျင်သာ ဖြစ်ကြောင်း၊ သို့သော် ကုန်ကျစာရိတ်ပေးသွင်းမှု သည် ရန်ကုန် ရုံးကဲ့သို့ တနေရာတည်းတွင် ပေးသွင်းရမည်မဟုတ်ဘဲ မြန်မာ့စီးပွားရေး ဘဏ်သို့ ပေးသွင်းရ မည်ဖြစ်သည်။

နိုင်ငံကူး လက်မှတ် လျှောက်ထားသူများအနေဖြင့် ထုံးစံအတိုင်း နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းဝင် ( ပုံစံ- ၁၀ )၊ တက္ကသိုလ် ဘွဲ့ရ ဖြစ်ပါက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက်၊ အသက် ၁၀ နှစ်အောက် ကလေးများဖြစ်ပါက မွေးစာရင်းပါရှိရမည်ဖြစ်ပြီး အငြိမ်းစား ၀န်ထမ်းများ ဖြစ်ပါက အလုပ်မှ အလုပ်မှ နုတ် ထွက်စာ သို့မဟုတ် ပင်စင်စားများ ဖြစ်ပါက ပင်စင်စာအုပ်ယူဆောင်လာရမည်ဖြစ်သည်ဟု သိရသည်။

2 comments :

  1. Anonymous said... :

    မြန်မာလူမျိုး စစ်စစ်Passport ရဘို့ က ၊ စီး ကမ်းချက် တွေနဲ့ ကိုက် ညီ မှ ရတာ။ ဒါပေမဲ့ မြန်မာ စကား ကို ပီသ အောင် မပြော နှီုင်၊မြန်မာစာ မ ရေး တတ်၊ မဖတ် တတ် တဲ့ တရုတ် နဲ့ ကုလား တွေ ကိုဲ၊ ဘန်ကောက် မြန်မာ သံရုံးမှာ တွေ့ နေ ရပါတယ်။ သူတို့ ဘယ် လို မြန်မာ Passport ရခဲ့ သလဲ။

  1. တိုင်း၇င်းသားတွေမြန်မာစာစကားပညာ တတ်ဖို့အရေးကြီးပါတယ် အ၇င်လုပ်၇ပါမည် ပြီးမြန်မာတွေနိုင်ငံခြားမှာအလုပ်၇င်းနည်းပညာတွေသင်ပြီးမြန်မာပြည်မှာပြန်လည်အသုံးချနိင်ပါမည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved