Burma Center Prague နှင့် ၀ဿန် ရဲ့ ရုပ်ရှင်ပွဲတော်မှ စာမူ ဖိတ်ခေါ်စာ

Monday, June 11, 2012


Burma Center Prague နဲ့ ၀ဿန် ရုပ်ရှင်ပွဲတော် ပူးပေါင်းကျင်းပသော စာမူပြိုင်ပွဲတွင် ပါဝင်ရန် ဖိတ်ခေါ်ပါသည်။

“ခရီးသွား လက်ကမ်းစာစောင်များရဲ့ ဟိုမှာဖက်ကမ်းက မြန်မာနိုင်ငံ”

မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အရှိန်အဟုန် ပြင်းစွာနဲ့ ပွင့်လင်းလာတဲ့ အနေအထား ဖြစ်လာနေပါတယ်။ အရင်တုန်းကထက်များတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာပြည်ထဲကို ၀င်လာနေကြပြီး ဒီအထဲ မှာ မြန်မာ့ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ သူမတူတဲ့ အတွေ့အကြုံတွေကို စူးစမ်းခြင်းတဲ့၊ စိတ်ဝင်စားတဲ့သူတွေ၊ ပျက်စီးယိုယွင်းမှုမရှိသေးတဲ့ သဘာဝအလှနဲ့ အားလပ်ရက်ကို ကုန်လွန်စေတဲ့ သူတွေ၊ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခြင်တဲ့သူတွေ၊ သူတို့ရဲ့ နေ့စဉ်ဘ၀တွေကို သိချင်တဲ့သူတွေ၊ တကိုယ်တော် ကျောပိုးအိတ်တလုံးနဲ့ ခြေဆန့်ချင်သူတွေ၊ စီးပွားရေး ရင်းနှီးမြုပ်နှံဖို့ကိုပဲ သီးသန့် စိတ်ဝင်စားတဲ့သူတွေလည်း ပါဝင်ပါတယ်။

မြန်မာပြည်တနံတလျား ဒီလိုခရီးသွားတဲ့သူတွေဟာ ဒီလိုနိုင်ငံခြားသားတွေချည်းပဲတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတွေထဲကပဲ တခြားမြို့ရွာတွေကိုသွားပြီး အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေတဲ့သူတွေ၊လူနေမှု အခြေအနေ မြင့်မားဖို့ ကြိုးစားနေသူတွေဟာလည်း ပြည်တွင်းမှာ လှည့်လည်နေကြပါသေးတယ်။ တဖက်မှာလည်း ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သားတွေဟာလည်း ကိုယ့်တိုင်းပြည်ကို ပြန်လည်ပတ်ဖို့၊ ပြည်တွင်းမှာ ကျန်နေရစ်တဲ့ မိသားစုဝင်တွေနဲ့တွေ့ဖို့ မြန်မာပြည်ထဲကို တဖွဲဖွဲ ၀င်လာနေတာတွေလည်း ရှိပါတယ်။

မြန်မာပြည်ကို ခရီးထွက်တယ်၊ မြန်မာပြည်ထဲမှာ လှည့်လည်သွားလာတယ်ဆိုတာဟာ ခရီးသွား ကုမ္ဗဏီတွေက ပေးတဲ့ လက်ကမ်းစာစောင်တွေ၊ ခရီးသွား ကုမ္ဗဏီတွေက ရောင်းတဲ့ ခရီးစဉ်တွေထက်မက ပိုမိုတဲ့ ခရီးသွားတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေပါတယ်။ နေရာတခုကနေ တခုကို ရွှေ့လျား သွားလာနေတဲ့ လူတွေဟာ သူ့ရဲ့ ပတ်ဝန်းကျင်ကို သစ်ဆန်းတဲ့ အဖြစ်အပျက်၊ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ တခါမှ မသိနားမလည်ခဲ့ဖူးတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။

ဒီလို ပြောင်းလဲမှုတွေဟာ များသောအားဖြင့် သာမန်သာဖြစ်တယ်လို့ ထင်မြင်ယူဆမှုတွေရဲ့ နောက်မှာ ပုန်းကွယ်နေတတ်ပြီး၊ ဒီပြောင်းလဲမှုတွေကို ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့သူတွေ၊ အတွေ့အကြုံရင့်ကျက်သူတွေနဲ့ စူးရှတဲ့အမြင်ရှိတဲ့သူတွေ ကသာ ထင်ထင်ရှားရှား တွေ့မြင်တတ်ကြပါတယ်။

ဘယ်သူကမှ ဖွင့်ပြောလေ့မရှိတဲ့ ဒီလိုအဖြစ်အပျက်မှန်တွေကို ရှာဖွေဖို့၊ ကိုယ် သိမြင်တွေ့ကြုံခံစားရတာတွေကို တခြားသူတွေကို တင်ပြနိုင်ဖို့ဆိုတာဟာ ကျွမ်းကျင်တဲ့ အရည်အချင်းရှိဖို့ လိုသလို သေသပ်စွာ စာစီကုံးပြီး တင်ပြတတ်ဖို့လည်း လိုပါတယ်။

အကယ်၍ သင့်မှာ ခရီးသွားလာရေးရဲ့ သက်ရောက်မှုကြောင့် ကြုံရတဲ့ အဖြစ်အပျက်တွေကို သူတပါး ကို ပြောပြချင်တဲ့ ဆန္ဒရှိတယ်၊ အဲ့ဒီအချက်အလက်တွေကို စာစီကုံးပြီး တင်ပြလိုတယ်ဆိုရင် ဒီ စာမူပြိုင်ပွဲမှာ သင့်ရဲ့ အဖြစ်အပျက် စာမူကို တင်သွင်း ယှဉ်ပြိုင်ဖို့ ဖိတ်ကြားလိုပါတယ်။

စာမူပြိုင်ပွဲအတွက် စာမူတွေပို့လို့ ရနေပါပြီ။ စာမူပို့ဖို့ ဒီနေရာ ကိုသွားပါ။.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved