ခုတလော Facebook မှာ လက်ဆင့်ကမ်းနေကြတဲ့ထဲက တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်သတင်းနဲ့ ပတ်သက်ပါတယ်။ ဗြိတိန်လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခဲ့တာကို မြန်မာသတင်းစာတွေက ဖော်ပြသင့်တယ်ဆိုတာ သဘောတူပါသလား တဲ့။
နိုင်ငံပိုင်သတင်းစာတွေကို အစိုးရက ချုပ်ကိုင်ထားတဲ့အတွက် အစိုးရအာဘော် သတင်းစာတွေ ဖြစ်နေပါပြီ။
အစိုးရက သူတို့မကြိုက်တဲ့အကြောင်းအရာတွေဆိုရင် ဘယ်တော့မှ ဖော်ပြလေ့ မရှိပါဘူး။
ဆင်ဖြူတွေအကြောင်းကိုတော့ မျက်နှာဖုံးမှာ အရေးတယူ ဖော်ပြတတ်တယ် လို့ Facebook မှာ ဝေဖန်နေကြပါတယ်။
နိုင်ငံပိုင် သတင်းစာ သည် ပြည်သူပိုင် သတင်းစာ မဟုတ်သည်မှာ ကြာပာပြီ