စပိုက်စ် ဂဲလ်အဖွဲ့ရဲ့ ပြန်ပေါင်းထုတ်ခြင်း သင်္ကေတအဖြစ် အဖွဲ့က သီချင်း ၁၈ ပုဒ်ကို အရင်တုန်း ကလို ဖျော်ဖြေမယ့် Viva Forever ဂီတ စင်တင်ဖျော်ဖြေပွဲကို ကြေညာလိုက်တာပါ။
အခုတော့ ဗစ်တိုးရီးယား ဘက်ခမ်းနဲ့ အတူ ၀ိုင်းတော်သားတွေဖြစ်တဲ့ Geri Halliwell, Mel B, Emma Bunton နဲ့ Mel C တို့ဟာ လန်ဒန်မှာ ရှိတဲ့ St Pancras Renaissance ဟော်တယ်လူမြင်မှာ အတူတွေ့ကြရတော့ ပရိတ်သတ်တွေက လည်း ပျော်နေကြပါတယ်တဲ့။

သူတို့အဖွဲ့က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လမ်းခွဲခဲ့ကြပြီး စပိုက်စ်ဂဲလ်အဖွဲ့အနေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေ မရှိပဲ ဖြစ်နေခဲ့ပါ တယ်။ အခုတော့ သူတို့ကို အသည်းစွဲတဲ့ ပရိတ်သတ်တွေအတွက် အခုလို ပြန်ပေါင်းထုတ် လိုက်ခြင်းဟာ မင်္ဂလာ သတင်း တပုဒ် ဖြစ်ကြောင်းပါတဲ့။
0 comments :
Post a Comment