
လက်ထပ်ပြီး ၅ နှစ်အကြာမှာတော့ နံမည်ကျော် ဟောလီဝုဒ် မင်းသား တွမ်ခရုစ်နဲ့ မင်းသမီး ကေတီဟုမ်းတို့ ၂ ဦးဟာ လမ်းခွဲလိုက်ကြပါပြီဆိုတဲ့ အကြောင်း သူတို့ ၂ ဦးက ပြီးခဲ့တဲ့ သောကြာနေ့က ကြေငြာလိုက်ပါတယ်။

“ကိတ်ကတော့ တရားရုံးမှာ ကွာရှင်းခွင့် တောင်းလိုက်ပြီ။ တွမ်လည်း အတော် ကြေကွဲနေတယ်။ သူ့ ကလေး ၃ ယောက် အပေါ်ပဲ စိတ်ကို နှစ်ထားတယ်” လို့ Amanda Lundberg ဆိုတဲ့ တွမ်ရဲ့ ကိုယ်စားလှယ်က AFP ကို ပြောလိုက်တာပါ။

ကေတီဟုမ်းရဲ့ ကိုယ်စားလှယ် ရှေ့နေဖြစ်တဲ့ Jonathan Wolfe ကတော့ “ဒါက ကိတ်နဲ့ သူ့မိသားစုအတွက် ပုဂ္ဂိုလ်ရေးနဲ့ သူတို့ သီးခြားကိစ္စတခုပါ၊ ကေတီ က အမြဲလိုလို စိတ်ပူပင်တာက သူ့သမီးလေး ရဲ့ ကောင်းကျိုးအတွက်ပါ” လို့ ပြော ပါတယ်။

အသက် ၅၀ ထဲ ၀င်လာတဲ့ တွမ်ဟာ အခု အသက် ၃၃ နှစ်ရှိတဲ့ ကေတီဟုမ်းနဲ့ ၂၀၀၆ ခုနှစ်နိုဝင်ဘာလ က အီတလီ ရဲတိုက်ကြီးမှာ အထင်အရှား မင်္ဂလာဆောင်ခဲ့ကြတာပါ။


တွမ်ဟာ ၁၉၈၇ ခုနှစ်က အမေရိကန် မင်းသမီး Mimi Rogers နဲ့ လက်ထပ် ပေါင်းသင်းခဲ့တာ ၁၉၉၀ ခုနှစ်ထိ ပါ။ ၁၉၉၀ ခုနှစ်မှာတော့ Nicole Kidman နဲ့ လက်ထပ်ပေါင်းသင်းခဲ့ပြီး ၂၀၀၁ ခုနှစ် အထိပါဘဲ။ သူနဲ့ မကွာရှင်းခင်မှာ စပိန် မင်းသမီး Penelope Cruz နဲ့လည်း ၃ နှစ်လောက် ငြိစွန်းခဲ့ပါသေးတယ်။
0 comments :
Post a Comment