တိတ်

ဒီစီမံကိန်းကို အခြား အခြားသော ဂျပန်နည်းပညာကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး အကောင်အထည်ဖော်သွားမှာတဲ့။
အစိုးရဝန်ကြီးဌာနတွေအပါအဝင် ကျောင်းတွေ၊ ဆေးရုံတွေအကုန်လုံး မိုးတိမ်ကွန်ပြူတာစနစ် (Cloud Computing System) အောက်မှာ အပြန်အလှန် အချိတ်အဆက် ရှိသွားကြမယ်လို့ ဆိုပါတယ်။
လျှပ်စစ်စွမ်းအားနဲ့ ကွန်ရက်အင်ဂျင်နီယာတွေ ချို့တဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီစနစ်က ပုံမှန်လုပ်ရိုးလုပ်စဉ် ဆာဗာအခြေပြုစနစ်ထက် ပိုအကုန်အကျ သက်သာပြီး ဆက်သွယ်ရာမှာ ပိုမြန်တဲ့ ရွေးချယ်စရာ အခြားနည်းလမ်းတခုဖြစ်တယ် လို့လည်း ဆိုပါတယ်။
ကော်နက်ရှင်းနှေးလွန်းတယ်လို့ ညည်းနေကြသူအတွက်တော့ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။ ဘယ်လောက် (အခု ရန်ကုန်မှာ အများဆုံးရနေတယ်လို့ကြားရတဲ့ 4 Mbps ထက်) မြန်မမြန်ကိုတော့ စောင့်ကြည့်ရအုံးမှာပါ။
ဒီသတင်းအပြည့်အစုံကိုတော့ ဧရာဝတီ (မြန်မာပိုင်း) စာမျက်နှာ burma.irrawaddy.org/archives/15757 မှာ ဖတ်ရှုနိုင်ပါတယ်။
0 comments :
Post a Comment