သတင်းနဲ့ဓာတ်ပုံ - စည်သူ

ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်တို့မှာ မြန်မာပြည်သားတို့အတွက် မိတ်ဆွေများစာကြည့်တိုက်တွေ ဖွင့်ခဲ့တဲ့ ဦးသောပါကရဲ့ လတ်တလော အစီအစဉ်က သူ့ကျေးရွာအတွက် စာကြည့်တိုက် ဆောက်လုပ်နေတာပါပဲ။
"တဖြည်းဖြည်းနဲ့ ကွန်ပြူတာ သင်တန်း ၊ အင်္ဂလိပ် စကားပြော သင်တန်း နဲ့ လူငယ်တွေအတွက် work shop သင်တန်းလေးတွေကိုပါ တိုးချဲ့သွားဖို့ အစီအစဉ် ရှိတယ်" လို့ ဦးဇင်းက ရှင်းပြ မိန့်ကြားပါတယ်။
ဒီခေတ်ကြီးထဲ ပညာမတတ်တဲ့ မျိုးဆက်တွေကို ဖျက်ပစ်နိုင်ဖို့ စာကြည့်တိုက်ကို ဆောက်ပေးတာလို့ ဦးဇင်းက ရှင်းပြပါတယ်။
အရှင်ဦးသောဘာက ရဲ့ ဇာတိမြေကတော့ စစ်ကိုင်းတိုင်း မုံရွာခရိုင် သပြေအေးကျေးရွာ ဖြစ်ပါတယ်။
သပြေအေးကျေးရွာဟာ မုံရွာမြို့နဲ့ အတော့်ကို အလှမ်းဝေးပါတယ်။

ဒီရွာမှာ အိမ်ခြေ ၅၀၀ကျော်ရှိပါတယ်။

မြွေဆိုးအန္တရယ်ကို ရွာသားတွေ နှစ်စဉ် ရင်ဆိုင်နေရကြောင်းလဲ ရှင်းပြပါတယ်။

ရွာကိုပြန်မရောက်ဖြစ်တာတော့ ၁၀နှစ်ကျော် ကြာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
"ကလေးဘ၀တည်းက လှည်းလမ်းတွေ ခုထိ ကားလမ်း မဖြစ်သေးတာကြောင့် စိတ်မကောင်းဖြစ်ရ" လို့ ဦးဇင်းက မိန့်ပါတယ်။

အဲဒီဦးဇင်း ငါးပါးကို မစိုးရိမ်ကျောင်းတိုက် ( တိုက်ဟောင်း ဆရာတော် )က ကျောင်းမှာ နေထိုင်ခွင့် မပြုတော့ဘဲ ရွှေ့ပြောင်းခိုင်းလိုက်ပါတယ်။
သာသနာရေး ဦးစီးဌာနကလည်း ဘုရားဝန်းထဲကို မတရားဝင်ရောက်မှုနဲ့ သံဃာ့နာယက အဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။

အခုတော့ ဦးသောပါက စာကြည့်တိုက် ဆောက်လုပ်ရေးကို ကြီးကြပ်နေတဲ့အကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
~
ဘုရားသားတော်ပီပီ ရောက်ရာအရပ် ကျရာဘ၀မှာ လူသားများကောင်းကျိုး၊ အထူးသဖြင့် ဗမာပြည်မှ အဖိနှိပ်ခံ ကျေးလက်တောရွာသားတို့၏ ဘ၀မြှင့်တင်ရေးကို ဆောင်ရွက်နေသော ဂျာမဏီပြန် ဦးသောပါကအား အားဂုဏ်ပြုပါသည်ဘုရား။
တစ်ဆက်တည်းမှာပင် ပြောင်းလဲနေသော အစိုး၇မှ ရဟန်းကောင်းတပါးဖြစ်သော ဦးသောပါကအား နယ်နှင်အကျုယ်ချုပ်ချထားခြင်းမှ ရုတ်သိမ်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။